HMF's internal News

Top News

၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် Write-off အား အကောင်းဆုံးပြန်လည်ကောက်ခံနိင်သည့် ပျော်ဘွယ်ရုံးခွဲမန်နေဂျာ နှင့် အင်တာဗျူး

Phyu Phyu Aung| Branch Manager| Pyawbwe Branch

ပျော်ဘွယ် ရုံးခွဲအနေနဲ့ စက်တင်ဘာလအတွက် Write off collection ပြန်လည်ကောက်ခံနိုင်မှုအများဆုံး အဖြစ် ဖော်ပြခံရတဲ့အပေါ် ဝမ်းသာပီတိစကားလေး ပြောပြပေးပါအုံးရှင့်

ပျော်ဘွယ်ရုံးခွဲအနေဖြင့် စက်တင်ဘာလအတွက် Write off collection ပြန်လည်ကောက်ခံနိုင်မှုအများဆုံးအဖြစ် ဆုရတဲ့အတွက် ဂုဏ်ယူပီတိဖြစ်ရပါတယ်။ ရုံးခွဲ မှာရှိတဲ့၀န်ထမ်းတွေအားလုံးကလဲ ပျော်ရွှင်ကြပြီး ၀န်ထမ်းတွေရဲ့ ကြိုးစားမှုအပေါ် အသိအမှတ်ပြုပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင့်။ ၀န်ထမ်းများကလဲ သူတို့ရဲ့ ကြိုစားမှုအပေါ် အသိအမှတ်ပြုတာကိုရရှိတဲ့အတွက် ၀န်ထမ်းတွေရဲ့ အတွေးထဲမှာလဲ ကြိုးစားရင်ကြိုးစားသလိုထိုက်တန်တဲ့အသိအမှတ်ပြုတာကိုရရှိသည်ဟု ခံယူသည့်အတွေးများကိုရရှိပါသည်။

အခက်အခဲ စိန်ခေါ်မှုတွေကြားကနေ ဘယ်လိုမျိုး အသင်းသားတွေနဲ့ ဆက်သွယ်ပြီး ကောက်ခံခဲ့သလဲဆိုတဲ့ အတွေ့အကြုံလေး ဝေမျှပေးပါအုံး

အခက်အခဲ စိန်ခေါ်မှုတွေကြားကနေ ဘယ်လိုမျိုး အသင်းသားတွေနဲ့ ဆက်သွယ်ပြီး ကောက်ခံခဲ့သလဲဆိုတဲ့ အတွေ့အကြုံလေး တွေကတော့ ပထမတစ်ချက်က သက်ဆိုင်ရာ၀န်ထမ်းတွေကို သူတို့ရဲ့ Write off အသင်းသား ဘယ်နှစ်ဦးရှိတယ် ဘယ်သူတွေကတော့ ငွေမ၀င်တာကြာပြီ ဘယ်သူတွေကငွေ၀င်တာ ဘယ်လောက်ရှိတယ်ကို ၀န်ထမ်း တစ်ဦးချင်းဆီအလိုက်ဆွေးနွေးပြီး Write offအသင်းသားတွေကိုဆက်သွယ်ခိုင်းပါသည်။

ထို့နောက် ဆက်သွယ်လို့ရတဲ့ Write off အသင်းသားတွေကို အပြန်အလည်ဆွေးနွေးပြီးအသင်းသားဘက်မှ Discount အနေဖြင့်တောင်းဆိုပါက ကုမ္ပဏီမှာရှိတဲ့ Discount စာရင်းနဲ့လဲကိုက်ညီပါက Discount process ကိုလုပ်ဆောင်ပေးပြီး အသင်းသား နဲ့အကြေပေးဆပ်သောပုံစံကိုသွားခဲ့ပါသည်။ အကြေမပေးဆပ်နိုင်သောအသင်းသားများကိုလဲ လစဥ်တိုင်းငွေ၀င်အောင်ညှိနှိုင်းပြောဆိုကောက်ခံပါသည်။ လစဥ်လစဥ်တိုင်းမှာလဲ ပထမတစ်လမှာငွေ၀င်ပြီး ဒုတိယလမှာ ငွေမ၀င်သေးပါက လတွင်ချင်း Follow up လိုက်နိုင်အောင် အပတ်စဥ် Follow up လိုက်ပါသည်။ 


ပျော်ဘွယ်ရုံးခွဲမှ ဝန်ထမ်းများ

Post a Comment

Previous Post Next Post