HMF's internal News

Top News

၂၀၂၅ ခုနှစ် သြဂုတ်လတွင် Write-off အား အကောင်းဆုံးပြန်လည်ကောက်ခံနိင်သည့် ကျိုက်ထိုရုံးခွဲမှ Field Officer နှင့် အင်တာဗျူး

Hnin Wai Wai Aung| Field Officer| Kyaikto Branch

ကျိုက်ထို ရုံးခွဲအနေနဲ့ သြဂုတ်လအတွက် Write off collection ပြန်လည်ကောက်ခံနိုင်မှုအများဆုံး အဖြစ် ဖော်ပြခံရတဲ့အပေါ် ဝမ်းသာပီတိစကားလေး ပြောပြပေးပါအုံးရှင့်

အခက်ခဲတွေကြားကနေ ဝန်ထမ်းအားလုံးရဲ့ကြိုးစာမှုကြောင့်ဖြစ်ပြီး အခုလိုအသိမှတ်ပြုခြင်းခံရတဲ့တွက်အရမ်းဝမ်းသာပါတယ်။

အခက်အခဲ စိန်ခေါ်မှုတွေကြားကနေ ဘယ်လိုမျိုး အသင်းသားတွေနဲ့ ဆက်သွယ်ပြီး ကောက်ခံခဲ့သလဲဆိုတဲ့ အတွေ့အကြုံလေး ဝေမျှပေးပါအုံး

အခက်ခဲစိန်ခေါ်မှုအများကြီးထဲကမှသွားရောက်တွေ့ဆုံလို့ရသောနယ်မြေများမှ အသင်းသားတွေဆီကိုယ်တိုင်သွားရောက်ပြီး ချေးငွေလက်ကျန်များအားပြန်လည်ပေးသွင်းချင်စိတ်ဖြစ်ပေါ်လာအောင် စည်းရုံးသိမ်းသွင်းပြီးအားပေးစကားပြောဆိုဆောင်ရွက်ခြင်း၊ အချို့သောအသင်းသားများမှ ာရပ်ရွာတွင်မရှိတော့သောကြောင့် မိသားစုဝင်၊ အဖွဲ့ဝင်များမှတဆင့် ဆက်သွယ်ပြီး ပြောဆိုခြင်း၊ ရက်ချိန်းများပေးပြီး လစဥ်နိုင်သလောက်ခွဲသွင်းပေးရန်ဆွေးနွေးပေးပြီး အသင်းသားများနှင့်လည်းအဆက်သွယ်မပျက်စေရန် ရက်ချိန်းများအတိုင်းသွားရောက်တွေ့ဆုံကောက်ခံပေးပြီး အတတ်နိုင်ဆုံးညှိုနှိုင်းဆောင်ရွက်မှုများပြုလုပ်ခြင်းကြောင့်ဖြစ်ပါတယ်။

Post a Comment

Previous Post Next Post