HMF's internal News

Top News

မေလ၏ New FO-IFO (Batch 28) Training အား အောင်မြင်စွာ ကျင်းပပြီးစီး

Hana Microfinance သို့ အသစ်ဝင်ရောက်လာသော Field Officer (FO) နှင့် Individual Field Officer (IFO) များအတွက် Batch 28 သင်တန်းကို ရန်ကုန်ရုံးချုပ်တွင် ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ (၄) ရက်တာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါသင်တန်းသို့ သင်တန်းသား စုစုပေါင်း (၃၇) ဦး တက်ရောက်ခဲ့ပြီး Learning & Development (L&D) ဌာနမှ တာဝန်ယူ ပို့ချပေးခဲ့ခြင်း ဖြစ်ပါသည်။ 

သင်တန်းကာလအတွင်း CEO ဦးမင်းမင်းဇော် အပါအဝင် CSO, CFO, CHRO, COO နှင့် CCO တို့မှ တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ လုပ်ငန်းခွင်တွင် လိုက်နာရမည့် အချက်အလက်များနှင့် အားပေးစကားများကို ဆွေးနွေးဝေမျှပေးခဲ့ပါသည်။ 🤝 

သင်တန်း၏ အဓိက ရည်ရွယ်ချက်များမှာ 

  • ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် ကျွမ်းကျင်စွာ တာဝန်ထမ်းဆောင်နိုင်ရန်။ 
  • အသင်းသားများအား အရည်အသွေးရှိသော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်။ 
  • လက်တွေ့လုပ်ငန်းခွင်ရှိ အခက်အခဲများကို လျော့နည်းစေပြီး လုပ်ငန်းရည်မှန်းချက် (Operation Targets) များ ပြည့်မီကျော်လွန်စေရန်။ 

ဝန်ထမ်းများ၏ အရည်အသွေး တိုးတက်စေရန် L&D ဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးလျက် ရှိပါသည်။ 

ရန်ကုန်ရုံးချုပ်တွင် ကျင်းပခဲ့သည့် မေလ New FO-IFO Training မှဓာတ်ပုံများကို ပြန်လည်မျှဝေပေးလိုက်ပါသည်။

Post a Comment

Previous Post Next Post