HMF's internal News

Top News

သန်လျင် ပျဉ်ထောင်ကျောင်းဆီသို့...𝐇𝐚𝐧𝐚 𝐂𝐒𝐑 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐲

ကမ္ဘာကြီးကျန်းမာစေဖို့...သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့က အားလုံးရဲ့ တာဝန် ဖြစ်ပါတယ်။💚

ဟာနာက 𝐖𝐨𝐫𝐥𝐝 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭 𝐃𝐚𝐲 အမှတ်တရ အဖြစ် သန်လျင်မြို့နယ် ပျဉ်ထောင်ကျောင်း (အခြေခံပညာအထက်တန်းကျောင်း) မှာ ဝန်ထမ်းတွေနဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေနဲ့အတူတူ အရိပ်ရသစ်ပင်တွေကို စိုက်ပျိုးခဲ့ကြပါတယ်။ ဒါ့အပြင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းစေဖို့ အမှိုက်ကို စနစ်တကျစွန့်ပစ်ဖို့ အမှိုက်ပုံးကြီးများ လှူဒါန်းခြင်း၊ ဝေယျာဝစ္စအတွက် အလှူငွေ ပေးအပ်ခြင်း နဲ့ ကျောင်းသားကျောင်းသူတွေအတွက် 𝐑𝐞𝐟𝐫𝐞𝐬𝐡𝐦𝐞𝐧𝐭 တွေကိုပါ မျှဝေခဲ့ကြပါတယ်။ 😇 

ပိုပြီး ကြည်နူးဖို့ကောင်းတာက ကျောင်းသူ/ကျောင်းသားလေးတွေကလည်း သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့စိတ်အပြည့်နဲ့ အရိပ်ရသစ်ပင်လေးတွေကို အားကြိုးမာန်တက် အတူတကွ ပါဝင်စိုက်ပျိုးခဲ့ကြတာပါပဲ။ ကလေးတွေရဲ့ တက်ကြွတဲ့ အပြုံးတွေက မြင်တွေ့ရသူတိုင်းအတွက် တကယ့်ကို အားတက်ပီတိဖြစ်စေခဲ့ပါတယ်။ 🥰 

ကြည်နူးစရာ မှတ်တမ်းပုံရိပ်လေးတွေကို အားလုံးအတူတူ ပီတိပွားနိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်ရှင်။




Post a Comment

Previous Post Next Post