HMF's internal News

Top News

ဇွန်လရဲ့ New FO-IFO (Batch 29) သင်တန်း အောင်မြင်စွာ ပြီးစီး

Hana Microfinance သို့ အသစ်ဝင်ရောက်လာသော Field Officer (FO) နှင့် Individual Field Officer (IFO) များအတွက် Batch 29 သင်တန်းကို ရန်ကုန်ရုံးချုပ်တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ (၄) ရက်တာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါသင်တန်းသို့ သင်တန်းသား စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပြီး Learning & Development (L&D) ဌာနမှ တာဝန်ယူ ပို့ချပေးခဲ့ခြင်း ဖြစ်ပါသည်။ 

သင်တန်းကာလအတွင်း CEO ဦးမင်းမင်းဇော် အပါအဝင် CSO, CFO, CHRO, COO နှင့် CCO တို့မှ တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ လုပ်ငန်းခွင်တွင် လိုက်နာရမည့် အချက်အလက်များနှင့် အားပေးစကားများကို ဆွေးနွေးဝေမျှပေးခဲ့ပါသည်။ ထို့အပြင်သက်ဆိုင်ရာ ဌာနတာဝန်ခံများမှလည်း လာရောက်မိတ်ဆက်ကာ သင်တန်းကာလအတွင်း ဌာနအလိုက် သိသည့်သိထိုက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ကြပါတယ်။ 

သင်တန်း၏ အဓိက ရည်ရွယ်ချက်များမှာ 

  • ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် ကျွမ်းကျင်စွာ တာဝန်ထမ်းဆောင်နိုင်ရန်။ 
  • အသင်းသားများအား အရည်အသွေးရှိသော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်။ 
  • လက်တွေ့လုပ်ငန်းခွင်ရှိ အခက်အခဲများကို လျော့နည်းစေပြီး လုပ်ငန်းရည်မှန်းချက် (Operation Targets) များ ပြည့်မီကျော်လွန်စေရန်။ 
  • ဝန်ထမ်းများ၏ အရည်အသွေး တိုးတက်စေရန် L&D ဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးလျက် ရှိပါသည်။ 

 ရန်ကုန်ရုံးချုပ်တွင် ကျင်းပခဲ့သည့် ဇွန်လ၏ New FO-IFO (Batch 29) သင်တန်းမှ ပုံရိပ်များကို ပြန်လည်မျှဝေပေးလိုက်ပါသည်။


Post a Comment

Previous Post Next Post