Myo Ko Ko| Branch Manager| Yedashe Branch
ရေတာရှည် ရုံးခွဲအနေနဲ့ စက်တင်ဘာလအတွက် Write off collection ပြန်လည်ကောက်ခံနိုင်မှုအများဆုံး အဖြစ် ဖော်ပြခံရတဲ့အပေါ် ဝမ်းသာပီတိစကားလေး ပြောပြပေးပါအုံးရှင့်
ရေတာရှည် ရုံးခွဲအနေနဲ့ စက်တင်ဘာလအတွက် Write off collection ပြန်လည်ကောက်ခံနိုင်မှုအများဆုံး အဖြစ် ဖော်ပြခံရတဲ့အတွက် ရေတာရှည်ရုံးခွဲက ၀န်ထမ်းအားလုံးနှင့်ထပ်တူ ၀မ်းသာဂုဏ်ယူမိပါတယ်။ ရုံးခွဲမှာရှိတဲ့၀န်ထမ်းအားလုံးရဲ့ ကြိုးစားအားထုတ်မှုကို အသိမှတ်ပြုပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။
အခက်အခဲ စိန်ခေါ်မှုတွေကြားကနေ ဘယ်လိုမျိုး အသင်းသားတွေနဲ့ ဆက်သွယ်ပြီး ကောက်ခံခဲ့သလဲဆိုတဲ့ အတွေ့အကြုံလေး ဝေမျှပေးပါအုံး။
အခက်အခဲ စိန်ခေါ်မှုတွေကတော့ ရုံးခွဲမှာရှိတဲ့ Write-Off ချထားတဲ့ ကျေးရွာ၊ Client List ကို FO တွေကို စာရွက်နှင့် Print ထုတ်ပြီး share ပေးပါတယ်။ Write-Off ချထားတဲ့အသင်းသားတွေကို ကျေးရွာမှာရှိတဲ့အသင်းသားတွေကတဆင့် မေးမြန်းရှာဖွေကာ ပြန်လည်ပေးဆပ်ရန် ညှိနှိုင်းခဲ့ပါတယ်။တချို့ Write-Off အသင်းသားတွေဆိုရှာမတွေ့တဲ့အတွက် ငွေကျေပြီး သွားတဲ့အဖွဲ့၀င်တွေ ကနေတဆင့် မေးမြန်းရှာဖွေပြီး ညှိနှိုင်းကောက်ခံခဲ့ပါတယ်။ Risk Zoneကြောင့် write-Off ချလိုက်ရတဲ့ အသင်းသားတွေဆို မြို့ပေါ်တွေမှာ လာပြီးအခြေချနေတာတွေရှိပါတယ်။
မြို့ပေါ်မှာပြောင်းရွှေ့လာတဲ့အသင်းသားတွေကတဆင့် အခြား write-Off အသင်းသား တွေရဲ့ နေအိမ်တွေ ကိုမေးမြန်းပြီး သွားရောက်ညှိနှိုင်းကောက်ခံခဲ့ပါတယ်။ နောက်ထပ်တစ်ခုက ရုံးဘက်ကလည်း အသင်းသားအခြေအနေပေါ်မူတည်ပြီး Write-Off Loan Discount တွေပေးတဲ့အတွက် အချို့ ပေးဆပ်ရန်အခက်အခဲရှိတဲ့အသင်းသားတွေဆို စီးပွားရေး အခြေအနေ ပေါ်မူတည်ပြီး Discount ပမာဏ တစ်ခုပေးကာ ငွေကျေပေးဆပ်စေခြင်း/ 4လ 4 ကြိမ်ဖြင့် အရစ်ကျခွဲသွင်းစေခြင်း မျိုးတွေနဲ့ညှိနှိုင်းကောက်ခံခဲ့ပါတယ်။ ဒီလိုမျိုးတွေနဲ့ Write-Off Loan Collection တွေကို ကောက်ခံနိုင်ခဲ့ခြင်းဖြစ်ပါတယ် ။ ရေတာရှည်ရုံးခွဲမှာရှိတဲ့ FO ဆရာ/ဆရာမတွေရဲ့ ကြိုးစားအားထုတ်မှု့တွေကြောင့် ခုလို Write-Off Collection တွေရုံးခွဲအတွက် အများကြီး ကောက်ခံနိုင်ခဲ့တာဖြစ်ပါတယ်။
ရေတာရှည်ရုံးခွဲမှ ဝန်ထမ်းများ

Post a Comment