HMF's internal News

Top News

ယခုတစ်လအတွက် Head of PMO ၏ ပြောစကား

Message From Head of PMO Mr. Kwon Junho

မေးခွန်းများ၏ စွမ်းအား (The Power of Questions) 

မကြာသေးမီက ကိုယ့်ကိုယ်ကို ဘယ်လိုမေးခွန်းတွေ မေးဖြစ်နေပါသလဲ? 

မေးခွန်းတွေ မမေးဖြစ်ဘူးဆိုရင် ကိုယ်ရောက်နေတာမျိုးကနေ ရှေ့ဆက်ဖို့အခွင့်အရေးကို လက်လွတ်ခံနေရတာမျိုး ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်မှာဆိုရင် မေးခွန်းတွေဟာ ရိုးရှင်းတဲ့ ညွှန်ကြားချက်တွေထက် ပိုပြီးကြီးမားတဲ့စွမ်းအား ရှိတယ်လို့ ခံစားရပါတယ်။ မေးခွန်းဆိုတာ အဖြေတစ်ခုရဖို့ သက်သက် မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ အမြင်တွေကို ပိုကျယ်ပြန့်စေပြီး လုပ်ကိုင်နေတဲ့အရာတွေရဲ့ အဓိပ္ပာယ်တွေကို ပြန်လည်ရှာဖွေပေးဖို့ ကူညီပေးပါတယ်။ 

ဥပမာအားဖြင့် ကျွန်တော်တို့ လုပ်ရတဲ့နယ်ပယ်မှာ အခုလိုအခြေအနေတွေကို မကြာခဏ တွေ့ရပါတယ် -

  •  “ဘာကြောင့် ငါတို့ client တွေကို အမြဲတစ်ပုံစံတည်းနဲ့ပဲ တွေ့ဆုံနေရတာလဲ?” 
  • “ဘာကြောင့် ငါတို့ report တွေကို အရင်ကလို ပုံစံအတိုင်းပဲ အမြဲ ဆက်ပြီး ပြင်ဆင်နေရတာလဲ?”

ရိုးရှင်းတဲ့မေးခွန်းတစ်ခုကအတွေးသစ်တွေကိုရရှိအောင် မီးထိုးပေးပြီး ပိုကောင်းတဲ့လုပ်ငန်းဆောင်ရွက်ပုံတွေရဖို့အတွက် အစပျိုးရာနေရာ ဖြစ်လာနိုင်ပါတယ်။ ကောင်းမွန်တဲ့ မေးခွန်းတစ်ခုဟာ လူတစ်ဦးချင်းစီကို ပိုမို တာဝန်ယူလိုစိတ်ရှိစေပြီး၊ အဖွဲ့တစ်ခုလုံးကိုလည်း ပိုမို တက်ကြွစွာ လုပ်ဆောင်လာအောင် လှုံ့ဆော်ပေးပါတယ်။ မေးခွန်းတွေက အမြင်သစ်တွေကို ဦးတည်စေပြီး၊ အဲဒီအမြင်တွေကပဲ နောက်ဆုံးမှာ ကျွန်တော်တို့ရဲ့ ကုမ္ပဏီကို ရှေ့သို့ ရွေ့လျားစေမယ့် မဟာဗျူဟာတွေကို ပုံဖော်ပေးပါတယ်။ 

🤔 ဘယ်လို မေးခွန်းတွေ မေးသင့်လဲ? (What kind of questions should we ask?) 

ဒါဆိုရင်၊ ကျွန်တော်တို့ ဘယ်လိုမေးခွန်းမျိုးတွေကို မေးသင့်ပါသလဲ။ 

ကျွန်တော်ကတော့ (၄) မျိုးလောက် အကြံပြုချင်ပါတယ် 

၁။ ရည်မှန်းချက်နဲ့ပတ်သက်တဲ့ မေးခွန်းများ - ငါ ဘာကို ရည်မှန်းနေတာလဲ။ ဒါက ကုမ္ပဏီရဲ့ ဦးတည်ချက်နဲ့ ကိုက်ညီမှုရှိရဲ့လား? 

၂။ လက်ရှိအခြေအနေနဲ့ ပတ်သက်တဲ့မေးခွန်းများ - ငါ အခု ဘယ်နေရာမှာ ရောက်နေပြီလဲ။ ဘာတွေလိုအပ်နေသေးလဲ။ 

၃။ Gap (ကွာဟချက်)တွေကို ပေါင်းကူးနိုင်မယ့်နည်းလမ်းများ - ရည်မှန်းချက်နဲ့ လက်တွေ့ကြားက ကွာဟချက်ကို ပေါင်းကူးဖို့ ဘာတွေပြောင်းလဲဖို့ လိုအပ်မလဲ။ 

၄။ အဓိပ္ပာယ်နဲ့ပတ်သက်တဲ့ မေးခွန်းများ - ဒီရည်မှန်းချက်ကို အောင်မြင်တာဟာ ငါ့အတွက်၊ ငါတို့အတွက် ဘာကို အဓိပ္ပာယ်သက်ရောက်စေသလဲ။ 

Questions are not just habit. (မေးခွန်းတွေဆိုတာ အလေ့အကျင့်သက်သက် မဟုတ်ပါဘူး) 

စျေးထဲက ကုန်သည်တစ်ယောက်ဟာ သူ့ကုန်ပစ္စည်းတွေကို မပြခင် စျေးဝယ်တွေက တကယ်လိုအပ်တာဘာလဲ ဆိုတာကို မေးမြန်းရသလိုပဲ မေးခွန်းတွေက ကျွန်တော်တို့ လျှောက်လှမ်းရမယ့် လမ်းကြောင်းကို ရှင်းလင်းစေပြီး ပိုကောင်းတဲ့ရလဒ်တွေကို ကူညီပေးပါတယ်။ ကောင်းမွန်တဲ့ ခေါင်းဆောင်တစ်ဦး (ဒါမှမဟုတ်) ပိုမိုတက်ကြွတဲ့ ဝန်ထမ်းတစ်ဦးဖြစ်လာဖို့ နည်းလမ်းဟာ ဝေးဝေးမှာ ရှာစရာမလိုပါဘူး။ အဖြေကတော့ သင့်ဆီမှာ စတင်ပါတယ်။ ဒါကြောင့် မနက်ဖြန် မဟုတ်ဘဲ ဒီနေ့ပဲ ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ မေးကြည့်လိုက်ပါ။

Post a Comment

Previous Post Next Post