ရာသီဥတုပူတဲ့အခါ၊ အစားအသောက်သတိမထားမိတဲ့အခါမျိုးတွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ခြေ ပိုများပါတယ်။
ဒါဆိုဘယ်လိုကာကွယ်ကြမလဲ🤔
အဓိကအချက် (၃) ချက်ကို လိုက်နာကြမယ်
သန့်ရှင်းအောင်နေထိုင်ပါ
- အစာမစားခင်နဲ့ အိမ်သာတက်ပြီးတိုင်း ဆပ်ပြာနဲ့ ရေစင်စင်ဆေးပါ။
- လက်ဆေးဖို့ခက်ခဲရင် လက်သန့်ဆေးရည် ဆောင်ထားပါ။
သန့်ရှင်းလတ်ဆတ်သော အစားစာများကို စားပါ၊ သောက်ပါ
- ကျက်အောင်ချက်ပြုတ်ထားတဲ့ အစားအစာတွေကိုသာ စားသုံးပါ။
- အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို သေချာဆေးကြောပြီးမှ စားပါ။
- သန့်ရှင်းတဲ့ရေ (ကျိုချက်ပြီးရေ၊ သို့မဟုတ် ဘူးထဲကရေ) ကိုသာ သောက်ပါ။
- လမ်းဘေးအစားအစာတွေနဲ့ သန့်ရှင်းမှုမရှိနိုင်တဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ပါ။
ပိုးမွှားတွေကို ကာကွယ်ပါ
- အမှိုက်တွေကို စနစ်တကျစွန့်ပစ်ပြီး အိမ်တွင်း၊ ရုံးတွင်းသန့်ရှင်းရေးကို ဂရုစိုက်ပါ။
- ယင်ကောင်နဲ့ ပိုးမွှားတွေ အစားအစာပေါ် မနားအောင် အဖုံးအုပ်ထားပါ။
ဟာနာဝန်ထမ်းများအားလုံးလဲ ဝမ်းပျက်၊ ဝမ်းလျှောကာကွယ်နိုင်အောင် ဒီအချက်လေးတွေကို လုပ်ဆောင်ကြည့်ပါ။
Post a Comment