HMF's internal News

Top News

၂၀၂၅ ခုနှစ် မေလတွင် Write-off အား အကောင်းဆုံးပြန်လည်ကောက်ခံနိင်သည့် သိမ်ဖြူရုံးခွဲမန်နေဂျာ နှင့် အင်တာဗျူး

Mai Zin Zin Nwe| Branch Manager| Thein Phyu Branch

သိမ်ဖြူရုံးခွဲအနေနဲ့ မေလအတွက် Write-off အကောင်ဆုံး ပြန်လည်ကောက်ခံနိုင်ခဲ့တဲ့အပေါ် ဘယ်လိုခံစားရပါသလဲ 

Write off collection နဲ့ပတ်သက်ပြီး သိမ်ဖြူရုံးခွဲအနေဖြင့်ဆုရရှိမှုအပေါ်တွင် ကြိုးစားကောက်ခံပေးတဲ့၀န်ထမ်းတစ်ဦးစီကို ကျေးဇူးတင်ပြီး ဆုရရှိမှုအပေါ်မှာလည်း ၀မ်းသာမိပါတယ်။ 

ဒီလိုမျိုး Write-off တွေကို အကောင်းဆုံးပြန်လည်ကောက်ခံနိုင်အောင် ရုံးခွဲမန်နေဂျာတစ်ယောက်အနေဖြင့် ဘယ်လိုမျိုး ကြိုးစားဆောင်ရွက်ခဲ့ပါသလဲ? 

BM တစ်ယောက်အနေနဲ့ ၀န်ထမ်းတွေကို Write Off အသင်းသားများအား ပြန်လည်ကောက်ခံနိုင်ခြင်းအားဖြင့် Organization အတွက် other income ပြန်လည်ရရှိကြောင်းနှင့် အဖွဲ့အစည်းဘက်ကလဲ ခံစားခွင့်အနေနဲ့ ၀န်ထမ်းများအား 20% ပြန်လည်ပြီးခံစားခွင့်ပေးထားသည့်အတွက် မိမိတို့ကြိုးစားဆောင်ရွက်သလောက် ခံစားခွင့်အားအပြည့်အ၀ရရှိမည်ဖြစ်ကြောင်း နှင့် ၀န်ထမ်းများအားလည်း မိမိတာ၀န်ယူထားသည့် မြို့နယ်များတွင် Write off အသင်းသားဦးရေအားသိရှိရန် Print ထုတ်ထားပေးခြင်းနှင့် လစဥ်ကောက်ခံရန်အတွက် Target ထားရှိပေးထားခြင်းအား ဆောင်ရွက်ထားပါသည်။ 

အသင်းသားတွေကို ပြန်လည်ပေးဆပ်ချင်လာအောင် ဘယ်လိုမျိုးလုပ်ဆောင်ခဲ့လဲဆိုတာလေးကို ပြန်လည်မျှဝေပေးပါအုံးရှင် 

Write off အသင်းသားများအားဖုန်းဆက်ပြီး ချေးငွေလက်ကျန်အားရှင်းပြကာ ချေးငွေအားမည်သို့ပေးဆပ်နိုင်မလဲနှင့် ချေးငွေမှာစာချုပ် သက်တမ်းကုန်ပြီး နောက်ပိုင်းတွင်ဆက်လက်အတိုးကောက်ခံထားခြင်းမျိုးမရှိဘဲ လက်ကျန်အတိုင်းသာပေးသွင်းရမည်ဖြစ်ကြောင်း အသင်းသားအားညှိနှိုင်းကာ လစဥ် ပေးသွင်းနိုင်သည့်ပမာဏအား အရစ်ကျဖြင့် Digital or Field ထဲသို့ ၀န်ထမ်းမှလာရောက်ကောက်ခံပေးမည်ဖြစ်ကြောင်း ညှိနှိုင်းဆောင်ရွက်ကောက်ခံပါသည်။


သိမ်ဖြူရုံးခွဲမှဝန်ထမ်းများ


Post a Comment

Previous Post Next Post