HMF's internal News

Top News

၂၀၂၅ ခုနှစ် မတ်၊ ဧပြီနှင့် မေလတွင် Write-off အား အကောင်းဆုံးပြန်လည်ကောက်ခံနိင်သည့် မော်လမြိုင်ရုံးခွဲမှ Field Officer နှင့် အင်တာဗျူး

Moe Moe Aye| Field Officer| Mawlamyine Branch

Field Officer တစ်ယောက်အနေနဲ့ မတ်၊ ဧပြီနှင့် မေ (၃) လဆက်တိုက် write-off အကောင်းဆုံး ဆုကိုရရှိတဲ့အပေါ်ဘယ်လိုခံစားရပါသလဲ 

Field Officer တစ်ယောက် အနေနဲ့ ၃လ ဆက်တိုက် ဆုရရှိခဲ့တဲ့ အတွက် ပျော်ရွှင်မိပါတယ်။ ယခုလို Write Off Collection နဲ့ပတ်သက်ပြီး ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး မော်လမြိုင်ရုံး အတွက် ကြိုးစားပြီး လုပ်ဆောင်ပေးခဲ့သော BM၊ ABM ကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။

ဒီလိုမျိုး Write-off တွေကို အကောင်းဆုံးပြန်လည်ကောက်ခံနိုင်အောင် ဘယ်လိုမျိုး ကြိုးစားဆောင်ရွက်ခဲ့ပါသလဲ 

အသင်းသားများ နေအိမ်သို့သွားရောက်ပြီး အသင်းသားများချေးငွေကို ပြန်လည်ပေးဆပ်ချင်လာအောင် ညှိ့နှိုင်းမှုများပြုလုပ်ခဲ့ပါတယ်။ နိုင်ငံခြားသို့ သွားရောက်ပြီး အလုပ်လုပ်နေသော အသင်းသားများကိုလည်း မိသားစုဝင်ဖြစ်သူမှတစ်ဆင့် အဆက်သွယ်ပြုလုပ်ပြီး ချေးငွေသွင်းနိုင်အောင် ဆွေးနွေးမှုများလည်း လုပ်ဆောင်ခဲ့ပါတယ်ရှင်။

အသင်းသားတွေကို ပြန်လည်ပေးဆပ်ချင်လာအောင် ဘယ်လိုမျိုးလုပ်ဆောင်ခဲ့လဲဆိုတာလေးကို ပြန်လည်မျှဝေပေးပါအုံးရှင်

အသင်းသားများ ပြန်လည်ပေးဆပ်ချင်လာအောင် အသင်းသား များ၏ စီးပွားရေး အခြေအနေပေါ်တွင် မူတည်ပြီး တစ်လ တစ်ကြိမ် (သို့) နှစ်ကြိမ်ခွဲ၍ ဝင်ငွေရရှိသည့်ရက်ပေါ် မူတည်ပြီး သွားရောက်ကောက်ခံပေးပါတယ်ရှင်။

Post a Comment

Previous Post Next Post