HMF's internal News

Top News

၂၀၂၅ ခုနှစ်၏ မတ်၊ဧပြီနှင့် မေ (၃)လဆက်တိုက် Top Collection Branches (Type B) ဆုရ မိုးညှင်းရုံးခွဲမှ Field Officer နှင့် အင်တာဗျူး

ရည်မွန်အောင်| Field Officer| မိုးညှင်းရုံးခွဲ

Type B ရုံးခွဲအနေနဲ့ collection ပြန်လည်ကောက်ခံနိုင်မှုအများဆုံး အဖြစ် ဖော်ပြခံရတဲ့အပေါ် ဝမ်းသာပီတိစကားလေး ပြောပြပေးပါအုံးရှင့်

မိုးညှင်းရုံးခွဲအနေနဲ့ အခက်အခဲတွေကြားကနေ ပြန်လည်ကောက်ခံနိုင်ခဲ့ပြီး အခုလို (၃)လဆက်တိုက် ဆုရရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။

အခက်အခဲ စိန်ခေါ်မှုတွေကြားကနေ ဘယ်လိုမျိုး အသင်းသားတွေနဲ့ ဆက်သွယ်ပြီး ကောက်ခံခဲ့သလဲဆိုတဲ့ အတွေ့အကြုံလေး ဝေမျှပေးပါအုံး။ 

အဓိက ကတော့လိုင်းကမရတဲ့အတွက် အသင်းသားတွေနဲ့ ဆက်သွယ်ဖို့အတွက် ရွာတွေကို ကိုယ်တိုင်သွားရောက်ခဲ့ပါတယ်။ အဲ့လိုသွားရောက်တဲ့အခါမှာလည်း ဆရာ BM ရဲ့ လမ်းညွှန်မှုနဲ့အတူ တစ်ဦးချင်းချေးငွေဆို တစ်ဦးချင်းအလိုက်၊ အုပ်စုလိုက်ချေေးငွေဆို သက်ဆိုင်ရာ အုပ်စုအလိုက် သွားရောက်ပြီးကောက်ခံခဲ့ပါတယ်။ 

Post a Comment

Previous Post Next Post