Aung Kyaw Soe| Branch Manager| Labutta Branch
၂၀၂၅ ခုနှစ် မေလအတွက် လပ္ပတ္တာ ရုံးခွဲအနေနဲ့ Loan Portfolio Growth Rate အမြင့်ဆုံးရုံးခွဲဆုရတဲ့အတွက် ဘယ်လိုခံစားရပါသလဲ
လပ္ပတ္တာ ရုံးခွဲအနေနဲ့ Loan Portfolio Growth Rate အမြင့်ဆုံးရုံးခွဲဆုရတဲ့အတွက် အရမ်းအံ့သြဝမ်းသာမိပါတယ်။
ဘာကြောင့် Loan Portfolio Growth အများဆုံးဖြစ်ခဲ့တာလဲ?
2 လအတွင်းမှာငွေကျေမည့်ပမာဏထက်ပိုပြီး ချေးငွေထုတ်ချေးခဲ့လို့ Loan Portfolio Growth ဖြစ်ခဲ့တာလို့ထင်ပါတယ်။
ဒီလိုအများဆုံးဖြစ်အောင် ဘယ်လိုလုပ်ဆောင်ခဲ့ကြသလဲဆိုတာ တချက် မျှဝေပေးပါအုံးရှင်
(၁)အရင်ဆုံး FO/IFO တွေကိုသူတို့ရမဲ့ရပိုင်ခွင့်(Incentive)ကို ချပြဆွေးနွေးပါတယ်။ လအတွင်း အဝင်(Repayment)နှင့် ချေးငွေထုတ်ချေးမည့်ပမာဏတွေကိုတွက်ချက်ပြပြီး Disbursement ပိုထုတ်နိုင်မှ Loan Portfolio တိုးမည်ကိုနားလည်အောင်ရှင်းပြပြီးဆောင်ရွက်ခဲ့ပါတယ်။
(၂) လအတွင်းငွေကျေမည့် အသင်းသားများကို ချေးငွေအချိန်မီထုတ်ချေးပေးနိုင်ရန်အတွက် ငွေကျေမည့်အသင်းသားများစာရင်းကို FO/IFO တွေဆီပေးထားပါတယ်။
(၃) FO/IFO တွေကိုလဲ ချေးငွေမကျေမီ (၅၆)ရက် အလိုလောက်တည်းက Interview လုပ်ငန်းတွေကိုဆောင်ရွက်ဖို့အတွက် မှာကြားထားပါတယ်။ ဒါမှလဲ ငွေကျေပြီးငွေပြန်ထုတ်မဲ့ အသင်းသားနဲ့ ငွေမထုတ်တော့မဲ့အသင်းသားစာရင်းကိုသိရမှာပါ။
နောက်တခုကတော့ ငွေကျေသည့် ရွာတွေကိုအကုန်ငွေထုတ်ပေးနိုင်ရန် စီစဥ်ခဲ့တာပါ။
(၄) Clients တွေကို သူတို့လုပ်ငန်းနဲ့ ကိုက်ညီတဲ့ ငွေပမာဏတွေကိုထုတ်ပေးခဲ့တဲ့အတွက် Loan Portfolio တိုးလာခြင်း၊
(၅) New Clients တွေပိုမိုရှာဖွေပြီး ချေးငွေထုတ်ပေးခြင်း၊ စသည်တို့ကြောင့် Loan Portfolio တိုးလာခြင်းဖြစ်ပါတယ်။
Post a Comment