HMF's internal News

Top News

၂၀၂၅ ခုနှစ် မေလတွင် Write-off အား အကောင်းဆုံးပြန်လည်ကောက်ခံနိင်သည့် ကျိုက်ထိုရုံးခွဲမှ Field Officer နှင့် အင်တာဗျူး

Hnin Wai Wai Aung| Field Officer| Kyaikto Branch

Field Officer တစ်ယောက်အနေနဲ့ မတ်၊ ဧပြီ၊ မေ (၃) လဆက်တိုက် write-off အကောင်းဆုံး ဆုကိုရရှိတဲ့အပေါ်ဘယ်လိုခံစားရပါသလဲ 

အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့အတွက် အရမ်းပျော်ရပါတယ်။ 

ဒီလိုမျိုး Write-off တွေကို အကောင်းဆုံးပြန်လည်ကောက်ခံနိုင်အောင် ဘယ်လိုမျိုး ကြိုးစားဆောင်ရွက်ခဲ့ပါသလဲ 

စီးပွားရေးအဆင်ပြန်ပြေလာကာ ပေးဆပ်နိုင်သည့်အသင်းသားများအား တစ်လတစ်ကြိမ်သာ ကောက်ခံပြီး ချိန်းရက်တွင်အသင်းသားဘက်မှ အဆင်မပြေပါက အသင်းသားပြန်လည်ပေးဆပ်နိုင်မည့်ရက်ကို ထပ်မံချိန်းဆိုကာကောက်ခံပါတယ်။ စီးပွားရေးအဆင်မပြေသည့် အသင်းများကိုတော့ တစ်လအတွင်းရက်ချိန်းများပေးကာ၊ခွဲသွင်းနိုင်သလောက်ကို တစ်လအတွင်း သွားရောက်ကောက်ခံပေးပါတယ်။ 

အသင်းသားတွေကို ပြန်လည်ပေးဆပ်ချင်လာအောင် ဘယ်လိုမျိုးလုပ်ဆောင်ခဲ့လဲဆိုတာလေးကို ပြန်လည်မျှဝေပေးပါအုံးရှင် 

အသင်းသားများကို ကုမ္ပဏီတွင် မိမိ၏နာမည်ဖြင့် ကြွေးကျန်စာရင်းရှိနေသည်မှာ မကောင်းကြောင်း နှင့် လက်ရှိကြွေးကျန်သည်လည်း မိမိနိုင်သလောက်ကို တစ်လတစ်ကြိမ်ခွဲဆပ်ပေးနိုင်ကြောင်း၊ ထွက်ပြေးအသင်းသားအချို့ ကိုမိသားစုဝင်နှင့်တွေ့ဆုံကာ နိုင်သလောက်ခွဲဆပ်ပေးနိုင်ကြောင်းကို သေချာညှိနှိုင်းထားကာ ပေးဆပ်ချင်စိတ်ရှိလာစေရန် လုပ်ဆောင်ပေးရပါသည်။

Post a Comment

Previous Post Next Post