Aye Min Ko| Assistant Branch Manager| Mawlamyine Branch
မော်လမြိုင်ရုံးခွဲအနေနဲ့ မေလအတွက် Write-off အကောင်ဆုံး ပြန်လည်ကောက်ခံနိုင်ခဲ့တဲ့အပေါ် ဘယ်လိုခံစားရပါသလဲ
မော်လမြိုင် ရုံးခွဲအနေနဲ့ Write Off ဆုကိုထပ်မံရရှိခြင်းအတွက် ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ကျွန်တော် လုပ်သက် ၉နှစ် ကျော်မှာယခုလို ဆုထပ်မံရရှိတဲ့ အတွက်လဲပျော်ပါတယ်။ မော်လမြိုင်ရုံးခွဲအနေနဲ့ ဒုတိယအကြိမ်ထပ်မံ ချီးကျူးခံရခြင်းမှာ "သူမ ထားသွားပြီးမှ ပြန်လာသလိုပါပဲဗျာ"
ဒီလိုမျိုး Write-off တွေကို အကောင်းဆုံးပြန်လည်ကောက်ခံနိုင်အောင် ရုံးခွဲရဲ့ လက်ထောက်မန်နေဂျာတစ်ယောက်အနေဖြင့် ဘယ်လိုမျိုး ကြိုးစားဆောင်ရွက်ခဲ့ပါသလဲ?
တစ်ဦးတစ်ယောက်ကောင်းကြိုးစားတယ်ဆိုတာထပ် ဝန်ထမ်းတွေရဲ့ ကြိုးစားမှုကလဲ အများဆုံးပါ ပါတယ်။ကျွန်တော့်ဘက်ကတော့ ဒါကဒီလိုကောက်နိုင်ရင် ရနိုင်တာက ဘာရှိတယ်ဆိုတာမျိုး
ပထမဦးစားပေးက Ontime ပြီးရင် overdue ပြီးလို့အချိန်ရပြီဆိုတာနဲ့ Write-off List ထဲကမှ သိနိုင်တဲ့ သူမျိုးတွေ၊ ဒီလိုအသင်းသားတွေကိုထွက်သွားတဲ့ ဝန်ထမ်းတွေကို ဆက်သွယ်ပြီးမေးခိုင်းတာမျိုးတွေကိုယ်ကိုယ်တိုင် ဖုန်းဆက်ပြီး မေးတာမျိုးတွေကိုလဲလုပ်ရတယ်။ ပြီးရင် ပိုက်ဆံပြန်ရဖို့ထပ် ပထမဆုံးက ကျွန်တော်တို့ သူ့ရဲ့ နေရာနဲ့ လူကိုအရင်တွေ့ဖို့ကိုပထမဆုံးစပြီးဦးစားပေးပါတယ်။
ကျွန်တော်ကလည်း လုပ်သက်ကြာဝန်ထမ်းထဲကပဲဆိုတော့ FO တွေနှင့်အတူ ပျောက်ဆုံးနေသော အသင်းသားများကို Field ဆင်းချိန်တွင် အတူတူ ဝိုင်းဝန်းရှာဖွေပေးပါတယ်။ ဝန်ထမ်းများလည်း တက်ကြွစွာ ပူးပေါင်းပေးမှု အတွက် ကျေးဇူးတင်ပါတယ်။
အသင်းသားတွေကို ပြန်လည်ပေးဆပ်ချင်လာအောင် ဘယ်လိုမျိုးလုပ်ဆောင်ခဲ့လဲဆိုတာလေးကို ပြန်လည်မျှဝေပးပါအုံးရှင်
ပထမဦးဆုံးအနေနဲ့ BMနှင့် တိုင်ပင်ပြီးField ဆင်း plan ကိုခွဲပြီး Field ဆင်းကြပါတယ်။ Fieldထဲ ရောက်လို့အသင်းသားနဲ့ တွေ့ဆုံခဲ့ပြီဆိုရင် ပထမဆုံး သူတို့ကို Hana Microfinance နဲ့ပါတ်သက်ပြီး ပြန်မိတ်ဆက်ရတယ်။ ကျွန်တော်တို့ ကုမ္ပဏီက လက်ရှိအထိလုပ်ငန်းတွေကိုဆက်လက်ပြီး လုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်း ရုံးတည်နေရာကတော့ ဘယ်မှာရှိနေလဲဆိုတဲ့အကြောင်းကို ရှင်းပြပေးပါတယ်။ အသင်းသားနှင့်တွေ့ဆုံလျှင် ချေးငွေ လက်ကျန်ရှိနေသေးကြောင်း ကို သိမသိ အရင်မေးမြန်းပြီး မသိသေးလျှင် ချေးငွေအကြောင်းရှင်းပြပြီးမိသားစု စီးပွားရေး အပေါ်မူတည်ပြီး ပမာဏ ဘယ်လောက်ဆိုလျှင် အဆင်ပြေမလဲဆိုတာကို ဆွေးနွေး ညှိ့နှိုင်းပေးပါတယ်။
မော်လမြိုင်ရုံးခွဲမှ ဝန်ထမ်းများ
Post a Comment