HMF's internal News

Top News

၂၀၂၅ ခုနှစ် မေလတွင် Write-off အား အကောင်းဆုံးပြန်လည်ကောက်ခံနိင်သည့် မော်လမြိုင်ရုံးခွဲမှ Field Officer နှင့် အင်တာဗျူး

Ei Thin Zar Aung| Field Officer| Mawlamyine Branch

Field Officer တစ်ယောက်အနေနဲ့ မေလအတွက် write-off အကောင်းဆုံး ဆုကိုရရှိတဲ့အပေါ် ဘယ်လိုခံစားရပါသလဲ 

အခုလိုမျိုးဆုရရှိတဲ့အပေါ် ဝမ်းသာပါတယ်။ အခုလိုမျိုးရရှိအောင်ကူညီပေးပါသော BM မှစ၍ လုပ်ဖော်ကိုင်ဖက်များအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ 

ဒီလိုမျိုး Write-off တွေကို အကောင်းဆုံးပြန်လည်ကောက်ခံနိုင်အောင် ဘယ်လိုမျိုး ကြိုးစားဆောင်ရွက်ခဲ့ပါသလဲ 

ဒီလိုမျိုးဆုရရှိတာဟာTeamwork ကိုဖော်ဆောင်ခဲ့လို့ပဲဖြစ်ပါတယ်။ ကျွန်မလိုလုပ်သက်တနှစ်ကျော်အတွက်ကတော့ Write-Off Client တွေကိုလိုက်ရှာတဲ့အခါမှာ အစပိုင်းကတော့ ကောက်ရိုးပုံထဲ အပ်ပျောက်လိုက်ရှာနေသလို ဖြစ်နေခဲ့ပါတယ်။ သို့သော်အရင်ဝန်ထမ်းတွေရဲ့ လမ်းပြပေးမှုကူညီပေးမှုကြောင့် အခုလိုဆုရရှိခဲ့တာဖြစ်ပါတယ်။ အသင်းသားတွေရဲ့နေအိမ်ကိုသွားရောက်ပြီး အသင်းသားတွေနဲ့ဆွေးနွေးခဲ့ပါတယ်။ အဆက်အသွယ်ပြတ်နေတဲ့ အသင်းသားတွေကို BM၏ အကူအညီဖြင့် Group List တွေထုတ်ပြီး အဖွဲ့ဝင်တစ်ဦးမှတဆင့် အဆက်အသွယ်ရရှိအောင်ကြိုးစားခဲ့ပါတယ်။ 

အသင်းသားတွေကို ပြန်လည်ပေးဆပ်ချင်လာအောင် ဘယ်လိုမျိုးလုပ်ဆောင်ခဲ့လဲဆိုတာလေးကို ပြန်လည်မျှဝေပေးပါအုံးရှင် 

အသင်းသားတွေကို တွေ့လျှင်တွေ့ချင်း ပြန်တောင်းတာမျိုးမလုပ်ဘဲ ကုမ္ဗဏီအကြောင်းပြန်မိတ်ဆက်ပါတယ်။ အသင်းသားကြွေးကျန်ဖြစ်နေတာကို သိလားမသိလား မေးပါတယ်။ တချို့ အငြင်းပွားပြောဆိုမှုတွေမှာလဲ အတတ်နိုင်ဆုံး သည်းခံပြီးရှင်းပြရတာမျိုးတွေလဲရှိပါတယ်။ ထို့နောက်မှ အသင်းသား၏ အလုပ်အကိုင်အကြောင်း ဝင်ငွေနှင့် ပေးဆပ်နိုင်စွမ်းကို ညှိနှိုင်းပြီးကောက်ခံပါတယ်။ 

ပြည်ပရောက်နေတဲ့အသင်းသားမျိုးဆိုရင်လည်း မိသားစုဝင်တွေမှတဆင့်ဆက်သွယ်ခိုင်းပြီး ပေးဆပ်လာအောင်ညှိနှိုင်းတာမျိုးတွေပြုလုပ်ခဲ့ပါတယ်။

Post a Comment

Previous Post Next Post