Moe Moe Aye| Mawlamyine Branch| Field Officer
Field Officer တစ်ယောက်အနေနဲ့ အခုလို write-off အကောင်းဆုံဂ ဆုကို နှစ်လဆက်တိုက် ရရှိတဲ့အပေါ်ဘယ်လိုခံစားရပါသလဲ
Field Officer တစ်ယောက် အနေနဲ့ နှစ်လ ဆက်တိုက် ဆုရရှိခဲ့တဲ့ အတွက် ရင်ထဲမှာ ပြောမပြတက်အောင် ပျော်ရွှင်မိပါတယ်။ နောက်လတွေလည်းဆက်ပြီးကြိုးစားသွားပါမယ်ရှင်။
ဒီလိုမျိုး Write-off တွေကို အကောင်းဆုံးပြန်လည်ကောက်ခံနိုင်အောင် ဘယ်လိုမျိုး ကြိုးစားဆောင်ရွက်ခဲ့ပါသလဲ
အသင်းသားများ နေအိမ်သို့သွားရောက်ပြီး အသင်းသားမှ ချေးငွေကို ပြန်လည်ပေးဆပ်ချင်လာအောင် ညှိ့နှိုင်းမှုများပြုလုပ်ခဲ့ပါတယ်။ နိုင်ငံခြားသို့ သွားရောက်ပြီး အလုပ်လုပ်နေသော အသင်းသား များကိုလည်း မိသားစုဝင်ဖြစ်သူမှတစ်ဆင့် အဆက်သွယ်ပြုလုပ်ပြီး ချေးငွေသွင်းနိုင်အောင် ဆွေးနွေးမှုများ လည်း လုပ်ဆောင်ခဲ့ပါတယ်ရှင်။
အသင်းသားတွေကို ပြန်လည်ပေးဆပ်ချင်လာအောင် ဘယ်လိုမျိုးလုပ်ဆောင်ခဲ့လဲဆိုတာလေးကို ပြန်လည်မျှဝေပေးပါအုံးရှင်
အသင်းသားများ ပြန်လည်ပေးဆပ်ချင်လာအောင် အသင်းသား များ၏ စီးပွားရေး အခြေအနေပေါ်တွင် မူတည်ပြီး တစ်လ တစ်ကြိမ် (သို့)နှစ်ကြိမ်ခွဲ၍ ဝင်ငွေရရှိသည့်ရက်ပေါ် မူတည်ပြီး သွားရောက်ကောက်ခံပေးပါတယ်ရှင်။
Post a Comment