HMF's internal News

Top News

၂၀၂၅ ခုနှစ်၏ မတ်နှင့်ဧပြီ နှစ်လဆက်တိုက် Top Collection Branches (Type B) ဆုရ မိုးညှင်းရုံးခွဲမှ Field Officer နှင့် အင်တာဗျူး

Ah Sa Mi| Field Officer| Mohnyin Branch

Type B ရုံးခွဲအနေနဲ့ ဆုရခဲ့တဲ့အပေါ် ဘယ်လိုခံစားရပါသလဲ 

မိုးညှင်းရုံးခွဲအနေဖြင့် ယခုလိုမျိုး မတ်နှင့်ဧပြီ (၂) လဆက်တိုက် (Type B) မှာ Top Collection အကောင်းဆုံးဆု ရရှိတဲ့အတွက် ဝမ်းသာမိပါတယ်။ ရုံးခွဲမှာရှိတဲ့ ဝန်ထမ်းတွေအကုန်လုံးကြိုးစားပြီးတော့ Collection တွေကို ရက်ကြိုတင် သွားရောက်ကောက်ခံခဲ့တဲ့ အကျိုးရလဒ်တွေပဲဖြစ်ပါတယ်။ 

အခက်အခဲ စိန်ခေါ်မှုတွေကြားကနေ ဘယ်လိုမျိုး အသင်းသားတွေနဲ့ ဆက်သွယ်ပြီး ကောက်ခံခဲ့သလဲဆိုတဲ့ အတွေ့အကြုံလေး ဝေမျှပေးပါအုံး။ 

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများကြောင့် Risk Zone တွေကို သွားလို့အဆင်မပြေတဲ့အခါ အသင်းသားတွေနဲ့ အဆက်အသွယ်မပြတ်ရှိစေဖို့အတွက် လူကြုံတွေနဲ့ရော၊ စာနှင့်ပါရေးပြီး ပို့ပေးခြင်းဖြင့် အသင်းသားတွေနှင့် အဆက်သွယ်မပြတ်အောင် ထိန်းပြီး သွားရောက်ကောက်ခံခဲ့တာဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ အသင်းသားတွေနဲ့ အဆက်အသွယ်မပြတ်ရှိဖို့ပဲဖြစ်ပါတယ်။

Post a Comment

Previous Post Next Post