HMF's internal News

Top News

၂၀၂၅ ခုနှစ်၏ မတ်လတွင် PAR အလျှော့ချနိုင်ဆုံးရုံးခွဲဆုရ ပင်လောင်းရုံးခွဲမှ မန်နေဂျာနှင့်အင်တာဗျူး

Nang Khin Hnin Oo| Branch Manager| Pinlaung Branch

ပင်လောင်းရုံးခွဲအနေနဲ့မတ်လအတွက် PAR အလျှော့ချနိုင်ဆုံး ရုံးခွဲ တစ်ခုအနေနဲ့ ပါခဲ့တဲ့အပေါ် ဘယ်လိုမြင်ပါလဲ

ပင်လောင်းရုံးခွဲအနေနဲ့ မတ်လအတွက် PAR အလျှော့ချနိုင်ဆုံးဆုရခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဝန်ထမ်းတွေရဲ့ကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ့ အစီအစဉ်တစ်ခုလုပ်ဆောင်ထားပေးလို့လဲ အရမ်းကျေနပ်မိပါတယ်။ ဝန်ထမ်းတွေကို အလုပ်ပိုကြိုးစားချင်စိတ်လဲ ဖြစ်စေပါတယ်။ PAR များကို ယခုထက်ပိုပြီးလျှော့ချပေးချင်သော်လည်း တချို့သောကျေးရွာများရဲ့ လက်ရှိအခြေအနေများကြောင့် မလျှော့ချနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ရုံးခွဲမန်နေဂျာ အနေနဲ့ PAR လျော့ကျအောင် ဘယ်လို ဆောင်ရွက်ခဲ့ပါလဲ။ သက်ဆိုင်ရာ ဝန်ထမ်းတွေကရော ဘယ်လိုတွေ လုပ်ဆောင်ခဲ့လို့ ဒီလို PAR အများဆုံး လျှော့ချနိုင်ခဲ့တာပါလဲ

ဝန်ထမ်းများမှလည်း One Day Late များမတက်အောင်ထိန်းနိုင်ခြင်း၊ One Day Late တက်လာလျှင်လည်း လတွင်းချင်း ပြန်ကောက်နိုင်အောင်ကြိုးစားခြင်း၊ Risk Zone ကျေးရွာများကိုလည်း နိုင်ငံရေးအခြေအနေတည်ငြိမ်မှုရှိ၊ မရှိ စဉ်ဆက်မပြတ် နားစွင့်ပြီး အခြေအနေတည်ငြိမ်နေချိန်တွင် Collection သွားရောက် ကောက်ခံခြင်း၊ ဝန်ထမ်းများမှလည်း Client များနှင့် Communication ကောင်းကောင်းတည်ဆောက်ပြီး ပြောဆိုဆက်ဆံခြင်း၊ Loan Disbursement မပြုလုပ်ခင် သေချာစီစစ်ပြီး ဝန်နဲ့အား မျှမျှတတ ပေးခဲ့ခြင်းကြောင့် PAR လျှော့ချနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ 

ရုံးခွဲမန်နေဂျာအနေဖြင့် Ontime Collection များအား နေ့စဉ် အချိန်နှင့်တစ်ပြေးညီ Follow Up ပြုလုပ်ခြင်း၊ One Day Late ဖြစ်လာသည့်အပေါ် Management ပြုလုပ်၍ လိုအပ်ပါက လိုက်ပါဆောင်ရွက်ခြင်း၊ ချိန်းထားသည့်ရက်တွင် ငွေဝင်အောင် Alarm ပေး၍ Follow Up ဆောင်ရွက်ခြင်းဖြင့် PAR လျှော့ကျအောင် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။

PAR လျှော့ချဖို့အတွက် ဘယ်အချက်တွေက အရေးကြီးပြီးတော့ လုပ်ဆောင်သင့်တယ်ဆိုတဲ့ အမြင်ကို ဝေမျှပေးပါအုံး

PAR လျှော့ချဖို့ထက် မဖြစ်ခင် ကြိုတင်၍ Protect လုပ်ဖို့လိုအပ်ပါတယ်။ ဖြစ်လာခဲ့လျှင်လည်း ပြန်လည်စည်းရုံး၍ ကြိုးစားကောက်ခံရပါမယ်။ Client နှင့် အဆက်အသွယ်မပြတ်ဖို့လည်း အရေးကြီးပါတယ်။ PAR ဖြစ်ရသည့် အကြောင်းရင်းအား သေချာသိရန်လိုပါမယ်။ မည်သည့်နည်းလမ်းဖြင့် PAR လျှော့ချနိင်မည်ကို စီစစ်ပြီး Supervisor များနှင့် တိုင်ပင်ဆောင်ရွက်၍ PAR လျှော့ချခြင်း၊ PAR Reduce Plan Target ထား၍ Plan အတိုင်း Achievement ဖြစ်အောင် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ Achievement ဖြစ်/မဖြစ် Follow Up လိုက်၍ PAR လျှော့ချခြင်းအား လုပ်ဆောင်သင့်သည်ဟု ထင်မြင်မိပါတယ်။


ပင်လောင်းရုံးခွဲမှ ဝန်ထမ်းများ

Post a Comment

Previous Post Next Post