HMF's internal News

Top News

၂၀၂၅ ခုနှစ်၏ ဧပြီလတွင် PAR အလျှော့ချနိုင်ဆုံးရုံးခွဲဆုရ ပင်းတယရုံးခွဲမှ မန်နေဂျာနှင့်အင်တာဗျူး

Zaw Linn Htun| Branch Manager| Pindaya Branch

ပင်းတယ ရုံးခွဲအနေနဲ့ ဧပြီလအတွက် PAR အလျှော့ချနိုင်ဆုံး ရုံးခွဲ တစ်ခုအနေနဲ့ ပါခဲ့တဲ့အပေါ် ဘယ်လိုမြင်ပါလဲ

အခုဆုရရှိတာဟာ ပင်းတယရုံးခွဲရဲ့ ဝန်ထမ်းအားလုံးကြိုးစားဆောင်ရွက်မှု့ ရဲ့ အသီးအပွင့်ရလဒ်ပါ။ နောင်လည်း PAR လစဉ်လျှော့ချနိုင်အောင် ကြိုးစားဆောင်ရွက်သွားပါမည်။ အဖက်ဖက်မှ Support ပေးတဲ့ Region, Head Office မှ ဝန်ထမ်းများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။ 

ရုံးခွဲမန်နေဂျာ အနေနဲ့ PAR လျော့ကျအောင် ဘယ်လို ဆောင်ရွက်ခဲ့ပါလဲ။ သက်ဆိုင်ရာ ဝန်ထမ်းတွေကရော ဘယ်လိုတွေ လုပ်ဆောင်ခဲ့လို့ ဒီလို PAR အများဆုံး လျှော့ချနိုင်ခဲ့တာပါလဲ 

PAR လျှော့ချနိုင်အောင် Daily Collection Ontime ကိုအဓိကကြီးကြပ်ဆောင်ရွက်ရသလို Collection Due တွင် ကြွေးကျန်တတ်သောအသင်းသားများကိုလည်း ရွေးထုတ်ကာ ပစ်မှတ်ထားပြီး ကြိုတင်အသိပေးပြင်ဆင် ကောက်ခံခဲ့ရပါတယ်။ ကြွေးကျန်အသင်းသားများကိုလည်း ရုံးပိတ်ရက်မှာ ချေးငွေကို ပေးဆပ်နိုင်အောင် Digital_payment များလည်း ရှိခြင်းကြောင့် PAR လျှော့ချနိုင်ခြင်းဖြစ်ပါတယ်။ 

PAR လျှော့ချဖို့အတွက် ဘယ်အချက်တွေက အရေးကြီးပြီးတော့ လုပ်ဆောင်သင့်တယ်ဆိုတဲ့ အမြင်ကို ဝေမျှပေးပါအုံး 

ကျွန်တော့်အနေနဲ့ အချက် (၄) ချက်လိုတယ်လို့ ထင်ပါတယ်။ 

(၁) Daily Collection On time အားကြပ်မတ်ဆောင်ရွက်ရန်

 (၂) One Day Late 1-30 အား ဦးစားပေးကောက်ခံဆောင်ရွက်ရန် 

(၃) FO များအား နေ့စဉ်ဦးစားပေး ကောက်ခံရမည့် အသင်းသားများအား အသိပေးကြီးကြပ်ဆောင်ရွက်ရန်

 (၄) ကြွေးကျန်အသင်းသားများကိုလည်း Digital payment မိတ်ဆက်သင်ကြားခြင်းဖြင့် ချေးငွေများသွင်းစေခြင်း။

 စတဲ့အချက်တွေဟာ အရေးကြီးတယ်လို့ ထင်ပါတယ်။

ပင်းတယရုံးခွဲမှ ဝန်ထမ်းများ


Post a Comment

Previous Post Next Post