Kyaw Thet Naing| Assistant Branch Manager| Einme Branch
၂၀၂၅ ခုနှစ် မတ်လအတွက် အိမ်မဲရုံးခွဲအနေနဲ့ Loan Portfolio Growth Rate အမြင့်ဆုံးရုံးခွဲဆုရတဲ့အတွက် ဘယ်လိုခံစားရပါသလဲ?
Loan Portfolio Growth Rate အမြင့်ဆုံး ရုံးခွဲဆု ရတဲ့အတွက် အိမ်မဲရုံးခွဲက ဝန်ထမ်းအားလုံးနဲ့ထပ်တူ ဝမ်းသာပျော်ရွှင်မိပါတယ်။
ဘာကြောင့် Loan Portfolio Growth အများဆုံးဖြစ်ခဲ့တာလဲ?
Loan Portfolio Growth အများဆုံးဖြစ်ခဲ့တာကလဲ အိမ်မဲရုံးခွဲက ဝန်ထမ်းအားလုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ ဖြစ်ပါတယ်။
ဒီလိုအများဆုံးဖြစ်အောင် ဘယ်လိုလုပ်ဆောင်ခဲ့ကြသလဲဆိုတာ တချက် မျှဝေပေးပါအုံးရှင်
Loan Portfolio Growth အများဆုံး ဖြစ်အောင် ဝန်ထမ်းတစ်ဦးချင်းစီအနေနဲ့ရော ဝန်ထမ်းအားလုံး စုပေါင်းကြိုးစားပြီး ကောင်းမွန်တဲ့ အသင်းသားတွေ ရှာဖွေချိတ်ဆက်ခြင်း၊ အသင်းသားတွေရဲ့ စီးပွားရေးလုပ်ငန်းနဲ့သင့်တော်မယ့် ချေးငွေတွေကို အချိန်မီ ထုတ်ချေးပေးနိုင်အောင် ကြိုးစားအားထုတ်ခြင်း၊ Field ဝန်ထမ်းတစ်ဦးခြင်းစီ အနေနဲ့ မိမိတို့ တာဝန်ကျရာ ကျေးရွာတွေက အသင်းသားတွေနဲ့ပါ အဆက်သွယ်မပြတ်စေပဲ အချိန်ရ ရင် ရသလို အသင်းသားတွေရဲ့ စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ၊ ကျန်းမာရေး စသည်တို့ကို အကြံပြုဆွေးနွေးခြင်း၊ Maturity Client တွေ ကို ငွေမကြေခင် တစ်လလောက် အချိန်ယူပြီး ချေးငွေများကို အချိန်မီ ထုတ်ပေးနိုင်အောင် Interview process များကိုသေချာစွာ ပြုလုပ်ခြင်း၊ Quality ကောင်းတဲ့ အသင်းသားတွေဖြစ်ဖို့၊ Quality ကောင်းတဲ့ Loan တွေ ဖြစ်ဖို့ကို ဝန်ထမ်းတစ်ဦးချင်းစီ အနေနဲ့ရော ဝန်ထမ်းအားလုံးရော စုပေါင်းပြီး ကြိုးစားခဲ့ကြလို့ Loan Portfolio Growth အများဆုံးဖြစ်ခဲ့တာပါ။
အိမ်မဲရုံးခွဲမှ ဝန်ထမ်းများ
Post a Comment