HMF's internal News

Top News

၂၀၂၅ ခုနှစ် ဧပြီ လတွင် Write-off အား အကောင်းဆုံးပြန်လည်ကောက်ခံနိင်သည့် ကျိုက်ထိုရုံးခွဲမှ လက်ထောက်မန်နေဂျာ နှင့် အင်တာဗျူး

Yunn Hme Hme|Assistant Branch Manager| Kyaikto Branch

ကျိုက်ထိုရုံးခွဲအနေနဲ့ ဧပြီ လအတွက် Write-off အကောင်ဆုံး ပြန်လည်ကောက်ခံနိုင်ခဲ့တဲ့အပေါ် ဘယ်လိုခံစားရပါသလဲ 

ကျိုက်ထိုရုံးခွဲအနေဖြင့် မတ်နှင့်ဧပြီ (၂) လဆက်တိုက် Write-off အကောင်းဆုံးပြန်လည်ကောက်ခံနိုင်ခဲ့တဲ့အပေါ်တွင် ပထမဆုံး Write-off Collection များကို ကြိုးစားကောက်ခံပေးခဲ့သော Field Officer တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်။ ယခင်တာဝန်ကျခဲ့သော မန်နေဂျာလမ်းညွှန်မှုဖြင့် Write-off Collection များကို အကောင်းဆုံးပြန်လည်ကောက်ခံရရှိခဲ့သည့်အတွက် ဝမ်းမြောက်စွာဂုဏ်ယူမိပါတယ်။ နောက်လာမည့်လများတွင်လည်း ယခုလိုပဲ တာဝန်ယူပြီး Write-off Collect များ ထပ်တိုးကောက်ခံနိုင်ရန် ကြိုးစားသွားပါမည်။ 

ဒီလိုမျိုး Write-off တွေကို အကောင်းဆုံးပြန်လည်ကောက်ခံနိုင်အောင် ရုံးခွဲရဲ့ လက်ထောက်မန်နေဂျာတစ်ယောက်အနေဖြင့် ဘယ်လိုမျိုး ကြိုးစားဆောင်ရွက်ခဲ့ပါသလဲ?

Write-off ပြုလုပ်ထားသည့် အသင်းသားစာရင်းတွေနဲ့ ကျေးရွာများကို FO များနှင့် ကိုယ်တိုင်သွားရောက်၍ အသင်းသားများကို သွားရောက်တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။ 

အသင်းသားတွေကို ပြန်လည်ပေးဆပ်ချင်လာအောင် ဘယ်လိုမျိုးလုပ်ဆောင်ခဲ့လဲဆိုတာလေးကို ပြန်လည်မျှဝေပေးပါအုံးရှင် 

အသင်းသားများ၏ စီးပွားရေးအခြေအနေ၊ မိသားစုအခြေအနေများကို နွေးထွေးစွာ ဆွေးနွေး၍ အသင်းသားများ ပြန်လည်ပေးဆပ်နိုင်မည့် ပမာဏ နှင့် လစဥ်ပေးဆပ်မှုများ မှန်ကန်စေရန် ဆွေးနွေးမှုများ ပြုလုပ်ပေးခဲ့ပါတယ်။

ကျိုက်ထိုရုံးခွဲမှ ဝန်ထမ်းများ

Post a Comment

Previous Post Next Post