HMF's internal News

ယခုတစ်လအတွက် Management ၏ ပြောစကား

Message From Dy COO U Thant Zin

၂၀၂၅ ခုနှစ်၏ ပထမ သုံးလပါတ်သည် ပြီးဆုံးသွားပြီဖြစ်ပြီး၊ ယခုနှစ်ကို Hana Microfinance Myanmar အတွက် ပြောင်းလဲတိုးတက်မှုအရေးပါသော နှစ်တစ်နှစ်အဖြစ် ဖော်ဆောင်နိုင်ရန် ကျွန်ုပ်တို့အားလုံး အဖွဲ့လိုက် ကြိုးပမ်းဆောင်ရွက်နေကြပါသည်။ 

သို့သော်လည်း လက်ရှိတွင် ကျွန်ုပ်တို့၏ ကွင်းဆင်းလုပ်ငန်းများအပေါ်တွင် ဝန်ထုပ်ဝန်ပိုးများနှင့် ကြီးမားသော စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။ ဤအခက်အခဲများကို ကျွန်ုပ်တို့အဖွဲ့ဝင်တစ်ဦးချင်းစီ၏ တာဝန်ယူမှု၊ နားလည်မှု၊ အပြန်အလှန်လေးစားမှုတို့ဖြင့်သာ ကျော်လွှားနိုင်မည်ဖြစ်သည်။ 

အောင်မြင်သော Microfinance company (MFI) တစ်ခုအဖြစ် ရေရှည်လျှောက်လှမ်းရာတွင် ကွင်းဆင်းအဖွဲ့များ၏ အရည်အသွေးမြင့်မားမှုသည် အဓိကကျသောအချက်တစ်ခုဖြစ်ပါသည်။ 

အထူးသဖြင့် — 

  • ဝန်ထမ်းတစ်ဦးချင်းစီ၏ တာဝန်ထမ်းဆောင်နိုင်စွမ်း 
  • အသင်းသားများ၏ ယုံကြည်မှုနှင့် တာဝန်ကျေပွန်မှု 
  • ထုတ်ချေးငွေအရည်အသွေး 
  • စီမံခန့်ခွဲသူများ၏ ထောက်ပံ့မှု 
  • အထက်အောက်အကြား အပြန်အလှန်လေးစားမှု — စသည်တို့သည် အရေးကြီးဆုံးဖြစ်ပါသည်။ 

ထို့အပြင် ကျွန်ုပ်တို့ထိန်းချုပ်နိုင်မှုထက်ကျော်လွန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် ဤအခက်အခဲများကို အနုတ်လက္ခဏအဖြစ် မမြင်ဘဲ၊ ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်နှင့် စည်းလုံးညီညွတ်မှုကို ပြသနိုင်သောအခွင့်အလမ်းအဖြစ် မှတ်ယူရမည်ဖြစ်သည်။ 

အရေးကြီးဆုံးမှာတော့ အသင်းသားများ၏ ယုံကြည်မှု၊ သစ္စာရှိမှုနှင့် တာဝန်ယူမှုတို့ကို တန်ဖိုးထားခြင်းသည် Hana ၏ ရေရှည်အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်ကြောင်း နားလည်စွာသိရှိထားဖို့လိုပါသည်။

Microfinance ကုမ္ပဏီတစ်ခုအနေဖြင့် ကုမ္ပဏီနှင့် အသင်းသားများအကြား ယုံကြည်မှုအခြေပြု ဆက်ဆံရေးသည် အလွန်အရေးကြီးသည်။ ထို့အပြင် Hana ၏ KPI နှင့် Target များအနက်မှ တစ်ခုဖြစ်သည့် Portfolio ထိန်းသိမ်းမှုကို လက်ရှိအသင်းသားများနှင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ခြင်းမှစ၍ တန်ဖိုးထားမှုဖြင့် ဆောင်ရွက်သင့်ပါသည်။

အသင်းသားများအနေဖြင့် ပုံမှန်ပြန်လည်ပေးဆပ်မှုကို ကတိကဝတ်တည်ဆောက်ရန် လိုအပ်သကဲ့သို့၊ ဝန်ထမ်းများအနေဖြင့်လည်း အသင်းသားများ ရရှိသင့်သည့် ဝန်ဆောင်မှုများကို တာဝန်ယူစွာဖြင့် အကောင်းဆုံးဖြင့်ပေးနိုင်ရန် တာဝန်ယူမှုရှိရမည်ဖြစ်သည်။ ယခုနှစ်ကို ပြောင်းလဲတိုးတက်မှုနှင့် အရည်အသွေးမြင့်မားမှုအတွက် ကျွန်ုပ်တို့အားလုံး အတူတကွ လျှောက်လှမ်းကြဖို့ တိုက်တွန်းအပ်ပါသည်။

Post a Comment

Previous Post Next Post