အပူချိန်တွေ မြင့်တက်နေတဲ့ဒီရာသီမှာ အပူရှပ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းတို့ကို ကာကွယ်ဖို့ အောက်ပါနည်းလမ်းလေးတွေကို လိုက်နာကြည့်ရအောင်
အပူရှပ်ခြင်းမှ ကာကွယ်ရန်
1️⃣ ရေများများသောက်ပါ
တစ်နေ့ကို အနည်းဆုံး ရေ ၈-၁၀ ခွက် (သို့) သဘာဝသစ်သီးဖျော်ရည်များ သောက်ပါ
သတိထားပါ : ရေဆာမှသောက်တာထက် ခဏခဏသောက်ပေးပါ
2️⃣ အပူဒဏ်ကို ရှောင်ပါ
နေပူထဲတိုက်ရိုက်မထွက်ပါနဲ့ (မနက် ၁၀နာရီမှ ညနေ ၄နာရီအတွင်း အထူးသတိထားပါ)
ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တို့ကို အသုံးပြုပါ
3️⃣ ပေါ့ပါးချောင်ချိသောအဝတ်အစား
ချည်သား/လေဝင်လေထွက်ကောင်းတဲ့ အဖြူရောင် (သို့) အရောင်ဖျော့ဖျော့အဝတ်များ ဝတ်ဆင်ပါ
🍉 အစားအသောက်ဂရုစိုက်ပါ
- ✔ အအေးဓာတ်ရှိသော အစားများ : သခွားသီး၊ ဖရဲသီး၊ စွန်ပလွံသီး၊ ပဲပြား
✔ ရှောင်ရန် : အဆီများသောအစား၊ အပူအစပ်၊ အချိုရည်နှင့် အရက်
🚑 အရေးပေါ်လက္ခဏာများ (အပူရှပ်လျှင်)
• ခေါင်းကိုက်ခြင်း
• မူးဝေအော့အန်ခြင်း
• အရေပြားခြောက်သွေ့နီမြန်းခြင်း
• သတိလစ်ခြင်း စသည်တို့ဖြစ်ပေါ်ပါက
- အေးမြတဲ့နေရာသို့ပြောင်းပါ
- ရေအေးဝတ် ကပ်ပါ
- ORS (ရေဓာတ်ဆန့်ပြန်ဆေး) တိုက်ပါ
🌿 သဘာဝနည်းလမ်းကောင်းများ
• ရေချိုးရာတွင် ပူစီနံရည်/သံပရာရည်ထည့်ချိုးပါ
• နှာခေါင်းအတွင်းသို့ နှမ်းဆီ (သို့) အုန်းဆီစိမ့်ထည့်ပါ
Post a Comment