Ei Yamone Aung| Mawlamyine Branch| Field Officer
Field Officer တစ်ယောက်အနေနဲ့ အခုလို write-off အကောင်းဆုံဂ ဆုကို နှစ်လဆက်တိုက် ရရှိတဲ့အပေါ်ဘယ်လိုခံစားရပါသလဲ
အခုလိုကြိုးစားမှုကို အသိအမှတ်ပြုဆုချီးမြှင့်အတွက် ကျေနပ်ဝမ်းသာမိပါသည်။
ဒီလိုမျိုး Write-off တွေကို အကောင်းဆုံးပြန်လည်ကောက်ခံနိုင်အောင် ဘယ်လိုမျိုး ကြိုးစား ဆောင်ရွက်ခဲ့ပါသလဲ
Write-off စာရင်းရှိ အသင်းသားအကြောင်းကို အရင်ဝန်ထမ်းဟောင်းမှ နေရာနှင့်အသင်းသားအကြောင်းမေးမြန်းကာ အသင်းသားအိမ်အား စုံစမ်းမေးမြန်းကာ သွားရောက်တွေ့ဆုံခဲ့ပါသည်။ အိမ်မရောက်မီ အိမ်အနီးဝန်ကျင်းရှိ အိမ်များမှ အသင်းသားရဲ့အခြေအနေ မေးမြန်းပြီးမှသာ သွားရောက်တွေ့ဆုံခဲ့ပါသည်။ အသင်းသားအကြောင်း အလုံးစုံသိမှသာ သွားရောက်၍ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ကာ ပေးဆပ်ချင်စိတ် ဖြစ်လာအောင် စည်းရုံးခဲ့ပါသည်။
အသင်းသားတွေကို ပြန်လည်ပေးဆပ်ချင်လာအောင် ဘယ်လိုမျိုးလုပ်ဆောင်ခဲ့လဲဆိုတာလေးကို ပြန်လည်မျှဝေပေးပါအုံးရှင်
အသင်းသား၏ စီးပွားရေး အခြေအနေ မေးမြန်းပြီး အသင်းသား၏ အခက်အခဲ မှန်သမျှကို နားထောင်ပေးပြီးတော့ အားပေးစကားပြောခဲ့ပါသည်။ အသင်းသား၏ ဝင်ငွေနှင့် ပေးသွင်းနိုင်မည့်် ပမာဏကို ညှိနှိုင်းကာ ပေးသွင်းမည့်ရက်အတိုင်း သွားရောက်ကောက်ခံခဲ့ပါသည်။
Post a Comment