ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော Townhall Meeting အား CEO ဦးမင်းမင်းဇော်မှ အဖွင့်နှုတ်ဆက်စကားပြောကြားပြီး Townhall အား စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ထို့နောက် ဇန်နဝါရီလအတွင်း ဟာနာသို့အသစ်ဝင်ရောက်လာသော ရုံးချုပ်မှဝန်ထမ်းသစ်များအား မိတ်ဆက်ပေးခဲ့ပါတယ်။ အထူးအစီအစဥ်အဖြစ် ဇန်နဝါရီလတွင် အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့သော ဝန်ထမ်းများအား CEO မှ ချီးကျူးဂုဏ်ပြုစကားပြောခဲ့ပါတယ်။ ထို့နောက် ဖေဖော်ဝါရီလတွင် လုပ်ဆောင်နေသော Energy Saving Campaign အားပြောကြားခဲ့ပြီး ယင်းသို့လုပ်ဆောင်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကိုလည်းပြောပြခဲ့ပါတယ်။
ထို့နောက် CEO မှ ၂၀၂၅ ခုနှစ်၏ ပြင်ဆင်ပြောင်းလဲထားသော ကုမ္ပဏီ၏ မျှော်မှန်းချက်(Vision)၊ ရည်မှန်းချက်များ (Mission)နှင့် စံတန်ဖိုး(Core Values) များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဇန်နဝါရီလ၏ စွမ်းဆောင်ရည်အကောင်းဆုံးပြသနိုင်သည့် ရုံးခွဲများအနေဖြင့် ဟင်္သာတရုံးခွဲမှ Loan Portfolio Growth Rate အမြင့်ဆုံးဆုကိုရရှိခဲ့ပါတယ်။ မိုးညှင်းရုံးခွဲမှ ချေးငွေပြန်လည်ကောက်ခံမှု အကောင်းဆုံး Type (B) ရုံးခွဲဆုကို ရရှိခဲ့ပါတယ်။ PAR အလျှော့ချနိုင်ဆုံးရုံးခွဲဆုကို မုဒုံရုံးခွဲမှ ရရှိခဲ့ပါတယ်။ CEO မှ အကောင်းဆုံးရုံးခွဲဆုရရှိခဲ့သည့် ရုံးခွဲအသီးသီးမှ ရုံးခွဲမန်နေဂျာများနှင့် ဝန်ထမ်းများအားလုံးသာမက ဇန်နဝါရီလတွင် Write-off Collection အား အကောင်းဆုံး ကောက်ခံနိုင်သည့် ရုံးခွဲအသီးသီးမှ FO/IFO များအား ချီးကျူးဂုဏ်ပြုစကားပြောဆိုခဲ့ပါတယ်။ ထို့နောက် လအလိုက်ပြုလုပ်ဆောင်ရွက်ခဲ့သည့် ဇန်နဝါရီလမှ Learning Club အစီအစဥ်နှင့် ယခုလတွင် HR Department မှ ထုတ်ပြန်ချက်အသစ်ဖြစ်သော Employee Referral Program အား ဝန်ထမ်းများအားလုံးသိရှိစေရန်အတွက်ပြန်လည်မျှဝေပေးခဲ့ပါတယ်။
ထို့နောက် CEO မှ ဦးဆောင်၍ လအလိုက် Recap Quiz များအား ရုံးချုပ်နှင့် ရုံးခွဲအသီးသီးရှိ ဝန်ထမ်းများအား တိုက်ရိုက် အမေးအဖြေ ပြုလုပ်ကာ တက်ရောက်လာတဲ့ ဝန်ထမ်းများနှင့် online မှ တက်ရောက်သည့် ရုံးခွဲဝန်ထမ်းများမှ တက်ကြွစွာ ပါဝင်ဖြေဆိုခဲ့ကြပါတယ်။
အခမ်းအနားကို C Level များမှ ဦးဆောင်၍ Hana Microfinance ၏ ဆောင်ပုဒ်အား အတူတကွ ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။
Post a Comment