HMF's internal News

Top News

မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် စာရေးကိရိယာများ နဲ့ မုန့်များ တောင်ဥက္ကလာပ ဘုန်းတော်ကြီးသင် စာသင်ကျောင်းသို့ လှူဒါန်း

ဟာနာရဲ့ဆောင်ပုဒ်/ ရည်မှန်းချက် "Growing Together, Sharing Happiness" ဆိုတဲ့အတိုင်း ဟာနာအနေနဲ့ တောင်ဥက္ကလာပမှာရှိတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက စာသင်ကြားနေတဲ့ ကလေးသူငယ်များကို မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ စာရေးကိရိယာများနှင့် မုန့်ပဲသရေစာများ သွားရောက်လှူဒါန်းခဲ့ပြီး ကလေးများနဲ့အတူ အမှတ်တရ အခိုက်အတန့် ဆင်နွှဲခဲ့ပါတယ်။

ကလေးငယ်တွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ် ဖြစ်ပါတယ်။ Hana အနေနဲ့ နွေးထွေးတဲ့ နေ့လေးတစ်နေ့ကို ကလေးများနဲ့အတူ ပျော်ရွှင် ရယ်မောခြင်းတွေ အတူမျှဝေရင်း လက်ဆောင်တွေနဲ့အတူ တန်ဖိုးရှိတဲ့အခိုက်အတန့်လေးကို ဖြတ်သန်းခွင့်ရရှိခဲ့ပါတယ်။ သူတို့လေးတွေရဲ့ တောက်ပတဲ့ အပြုံးလေးတွေနဲ့ စူးစမ်းလိုတဲ့ စိတ်ကလေးတွေက ကျွန်တော်တို့ကို သူတို့ရဲ့ အိပ်မက်လေးတွေကို မြေတောင် မြှောက်ပေးဖို့ သတိပေးနေသလိုပါပဲ။ ကလေးငယ်တွေကို မှန်ကန်တဲ့ ပံ့ပိုးမှု၊ ချစ်ခြင်း မေတ္တာတွေနဲ့ ပေးခြင်းဖြင့် သူတို့ဟာ အနာဂတ်မှာ တိုင်းပြည်အတွက် အဖိုးတန်တဲ့ ခေါင်းဆောင်များ၊ တီထွင် ဖန်တီးသူများ နဲ့ ပြုပြင်ပြောင်းလဲရေးသမားများ ဖြစ်လာကြမှာဖြစ်ပါတယ်။ ဒါကြောင့် ကလေးတိုင်းဟာ ချစ်ခြင်းမေတ္တာနဲ့ အကောင်းဆုံး ပံ့ပိုးမှုတွေနဲ့ ထိုက်တန်ပါတယ်။ 

ဒီလို အဖိုးတန်နေ့လေး တစ်နေ့အဖြစ် နွေးထွေးကြင်နာမှုလေးတွေဝေမျှပေးခြင်းဟာ ကလေးတွေအတွက် ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်နဲ့ အမှတ်တရ တစ်ခု ဖြစ်နေစေမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဆက်လက်ပြီးတော့ အနာဂတ်မျိုးဆက်တွေအတွက် ထိုက်တန်တဲ့ အခွင့်အလမ်းတွေနဲ့ ပံ့ပိုးပြီး မြေတောင်မြှောက်ပေးကြပါစို့။ တောက်ပတဲ့ အနာဂတ်လေးတွေကို အတူတကွ ကူညီပုံဖော်ပေးကြပါစို့။

Growing Together, Sharing Happiness!














Post a Comment

Previous Post Next Post