ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် CEO ဦးမင်းမင်းဇော်၊ CSO Mr. Won Suk Chang၊ CFO Mr. Byungseo Yoo, နှင့် (Head of PMO) Mr. Kwon Junho တို့သည် FieldVisit အဖြစ် ရှမ်းပြည်နယ်ရှိ တောင်ကြီးရုံးခွဲ၊ အောင်ပန်းရုံးခွဲနှင့် ရွှေညောင်ရုံးခွဲများသို့ သွားရောက်ခဲ့ပါတယ်။ CEO နှင့် အဖွဲ့သည် ရုံးခွဲများသို့ ရောက်ရှိစဉ် ဟာနာမှ ချမှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများ၊ ပေါ်လစီများနှင့်အခြားသော လုပ်ငန်းပိုင်းဆိုင်ရာ သတင်းအချက်အလက်များ မျှဝေခဲ့ပါတယ်။
အဆိုပါ ခရီးစဥ်တွင် CEO ဦးမင်းမင်းဇော်မှ ရုံးခွဲရှိဝန်ထမ်းများအားလုံးနှင့် ယခုလိုတွေ့ရတာဝမ်းသာကြောင်း၊ အလုပ်ကိုပူးပေါင်းလုပ်ဆောင်ကြပါရန်နှင့် Company အပေါ်သစ္စာရှိသောဝန်ထမ်းများဖြစ်ရန်နှင့် အသင်းသားများနှင့် ကောင်းမွန်သော Relationship တည်ဆောက်ကြပါရန် ပြောခဲ့ပါတယ်။ Mr. Chang (CSO) နှင့် Mr. Yoo (CFO) တို့မှလည်း ယခုလိုရုံးခွဲဝန်ထမ်းများနှင့်တွေ့ခွင့်ရသည့်အတွက် ဝမ်းသာကြောင်းအလုပ်ကြိုးစားပေးကြဖို့နဲ့ အောင်မြင်မယ်လို့ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။ အဆိုပါ ခရီးစဥ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံသံရုံး မှ သံအမတ်ကြီး Mr. Kang Kymgu နှင့် အဖွဲ့က တောင်ကြီးရုံးခွဲသို့ ဧည့်သည်တော်အဖြစ် လာရောက် လည်ပတ်ခဲ့ပါတယ်။
ကိုရီးယားသံအမတ်ကြီးမှ ဝန်ထမ်းတွေကို တွေ့ရတာဝမ်းသာကြောင်းနှင့် အခက်အခဲရှိပါကလည်း ပွင့်ပွင့်လင်းလင်းမေးနိုင်ကြောင်း မေးမြန်းခဲ့ပြီး ဝန်ထမ်းများမှလည်း ယခုလိုလာရောက်ပေးတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်းပြောကြားပြီး သံအမတ်ကြီးနှင့် အမှတ်တရဓာတ်ပုံများအတူတကွ ရိုက်ကူးခဲ့ကြပါတယ်။
ထို့နောက်ရုံးခွဲ Manager များမှ မြေပြင်အခြေအနေများကို တင်ပြခဲ့ကြပြီး CEO နှင့်အဖွဲ့မှ ညှိုနှိုင်းဆောင်ရွက်ခဲ့ကြပါတယ်။ အထက်ပါအစီစဥ်များ ပြီးသည့်နောက် စွမ်းဆောင်ရည်အကောင်းဆုံးပြသနိုင်ခဲ့သော ဝန်ထမ်း (၃) ဦးဖြစ်သည့် နန်းနှင်းဝတ်ရည်ဦး (Branch Manager)၊ နန်းစံခမ်း (Individual Field Officer)နှင့် သဲစုမွန်ဦး (Cashier) တို့အား ဂုဏ်ပြုဆုအဖြစ် ရွှေဖြင့်ပြုလုပ်ထားသော ဟာနာအမှတ်တံဆိပ်ပါရင်ထိုးပေးအပ်ပြီး ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။
Hana Microfinance ၏ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်တချို့သည် အခါအားလျော်စွာ မြေပြင်သို့ ကွင်းဆင်း၍ ရုံးခွဲများ၏ အခြေအနေများ နှင့် မြေပြင်အခြေအနေများကို အမြဲ လေ့လာ သုံးသပ်ကာ ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါတယ်။
Post a Comment