HMF's internal News

Top News

Hana’s Staff Development Program

Hana Microfinance ကတော့ ယခုလို (၁၂) နှစ်တိုင်အောင် ကြီးထွားလာတာဟာ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်တွေကြောင့် ဖြစ်ပြီး သူတို့ဟာ ဟာနာရဲ့ အကြီးမားဆုံးခွန်အားတွေလို့ ယုံကြည်ပါတယ်။

ဒါကြောင့်လည်း ဝန်ထမ်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် Staff Development Program, Technical Training တွေနဲ့ Leadership Training စတဲ့ training အမျိုးမျိုးကို အဆက်မပြတ် ပြုလုပ်ပေးနေတာပါ။ 

ယခု ဩဂုတ်လမှာတော့ ရုံးချုပ်က operational level ဝန်ထမ်းတွေအတွက် Leadership Training ကို အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒီ training မှာတော့ ဝန်ထမ်းတွေဟာ - 

  • သူတို့ရဲ့ အတွေးအမြင်တွေ နဲ့ idea တွေကို sharing လုပ်ခဲ့ပြီး အပြန်အလှန် ဝေမျှရင်း လေ့လာသင်ယူခဲ့ကြပါတယ်။ 
  • လက်တွေ့ကျကျ သင်ယူလေ့ကျင့်ရင်းနဲ့ problem solving skills တွေကို တိုးတက်အောင် လေ့ကျင့်ခဲ့ကြပါတယ်။ 
  • ပိုမိုကောင်းမွန်တဲ့ ခေါင်းဆောင်တွေဖြစ်လာဖို့ leadership skills တွေကိုလည်း မြှင့်တင်ခဲ့ကြပါတယ်။ 

သင်တန်းမှာ တက်ကြွစွာ ပူးပေါင်းပြီး တက်ရောက်ပေးခဲ့ကြတဲ့ Hanarians တွေအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ Training plan တွေ သေချာ ဆွဲပြီး သင်ကြားပေးခဲ့ကြတဲ့ Hana ရဲ့ L&D Department ကိုလည်း ကျေးဇူးအထူးပါနော်။ 

ရုံးခွဲများအတွက်လည်း L&D Department မှ ဆက်လက်ပြီး Training များဆက်လက်စီစဥ်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။










Post a Comment

Previous Post Next Post