Mya Soe| Branch Manager| Mawlamyinegyun Branch
၂၀၂၅ ခုနှစ် ဇူလိုင်လအတွက် မော်လမြိုင်ကျွန်း ရုံးခွဲအနေနဲ့ Disbursement Target Achievement ရုံးခွဲဆုရတဲ့အတွက် ဘယ်လိုခံစားရပါသလဲ
ခုလိုမျိုး ဆုရတော့ အတိုင်းမသိပျော်ရွှင်ရပါတယ်။ ဒါဟာ ကျွန်တော်တို့ တစ်ရုံးလုံးရဲ့ ကြိုးစားအားထုတ်မှု၊ စည်းလုံးညီညွတ်မှုမျိုးမှရတဲ့ ရလာဒ်တစ်ခုဖြစ်တဲ့အတွက် ပိုပီးတော့ပျော်ရွှင်ရပါတယ်။
ဘာကြောင့် Disbursement Target Achievement အများဆုံးဖြစ်ခဲ့တာလဲ
ဘာလို့ ဒီလို Disbursement target Achievement အများဆုံးဖြစ်ခဲ့တာလဲဆိုတော့ ကျွန်တော်တို့ ရုံးခွဲတစ်ခုလုံးမှာ ရှိတဲ့ ဝန်ထမ်းအားလုံးရဲ့ စည်းစည်းလုံးလုံးနဲ့ ကြိုးစားအားထုတ်မှုကြောင့်ဖြစ်ပါတယ်။
ဒီလိုအများဆုံးဖြစ်အောင် ဘယ်လိုလုပ်ဆောင်ခဲ့ကြသလဲဆိုတာ တချက် မျှဝေပေးပါအုံးရှင်
Disbursement Planကိုတစ်လကြိုတင်ရေးဆွဲပြီး dormant & dropout အသင်းသားများအား သေချာစစ်ဆေးကာ field ဝန်ထမ်းတွေရဲ့ plan targetများကို အပတ်စဥ်သောကြာနေ့တိုင်း Meeting ပြုလုပ်ပြီး လိုအပ်ချက်များရှိပါက အသေးစိတ်ရှင်းပြပေးပြီး supporting staff များကလည်း လိုအပ်တဲ့ supporting များကို ဖြည့်ဆည်းပေးခဲ့ရာ ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ လိုက်နာဆောင်ရွက်မှုများနဲ့ ကြိုးစားမှုများကြောင့်ဖြစ်ပါသည်။
ဆက်လက်ပြီးလည်းကြိုးစားအားထုတ်သွားမှာပါ ကျေးဇူးတင်ပါတယ်။
မော်လမြိုင်ကျွန်းရုံးခွဲမှ ဝန်ထမ်းများ

Post a Comment