ဟာနာ ရဲ့ Townhall Meeting (1st Half of the 2025) ကို ဇူလိုင်လ (၁၈) ရက်နေ့က ကျင်းပခဲ့ပါတယ်။ CEO မှ ယခုနှစ် ပထမနှစ်ဝက်အတွင်း ဝန်ထမ်းများအားလုံး၏ ကြိုးစားအားထုတ်မှုများအား အသိအမှတ်ပြု ကျေးဇူးတင်စကားပြောကြား၍ အဖွင့်အမှာစကားပြောကြားခြင်းဖြင့် အစီအစဉ်ကို စတင်ခဲ့ပါတယ်။
ထို့နောက် အရေးကြီးသောထုတ်ပြန်ချက်များ၊ မျှဝေစရာများ နှင့် business update များကို မျှဝေပေးခဲ့ကြပြီး လအလိုက် နှင့် ပြီးခဲ့သည့် ပထမနှစ်ဝက်အတွင်း အကောင်းဆုံးစွမ်းဆောင်ခဲ့ကြသည့် ရုံးခွဲများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပါတယ်။
ဒါ့အပြင် Surprise အဖြစ် CEO မှ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ကဏ္ဍအသီးသီးကနေ ပံ့ပိုးမှုတွေ၊ ကြိုးစားအားထုတ်မှုတွေအတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပြီးနောက် ရုံးချုပ်၊ သိမ်ဖြူ နှင့် Region-2 ရုံးများမှ ဝန်ထမ်းများအတွက် Appreciation Event လေးတစ်ခု ကြေညာခဲ့ပြီး ရုံးခွဲများအတွက်လည်း Dinner အတူတကွ စားသောက်နိုင်ပါကြောင်း ကြေညာပေးခဲ့ပါတယ်။
ဆက်လက်ပြီး CEO မှ ကျန်ရှိနေတဲ့ ၆ လတာကာလအတွက်လည်း ပြီးခဲ့တဲ့ ၆ လတာကာလကဲ့သို့ပင် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ လုပ်ငန်းရည်မှန်းချက်တွေ အောင်မြင်အောင် ဆက်လက်ကြိုးစားပေးကြဖို့ကိုလည်း Townhall Meeting မှာ တိုက်တွန်းပြောကြားခဲ့ပြီး ဇူလိုင်လ၏ Townhall Meeting အား ဟာနာ၏ ဆောင်ပုဒ်ကို အတူတကွရွတ်ဆိုခြင်းဖြင့် အဆုံးသတ်ခဲ့ပါတယ်။
Post a Comment