HMF's internal News

Top News

ယခုတစ်လအတွက် Head of Risk/Compliance Officer ၏ ပြောစကား

Message From Head of Risk/Compliance Officer Ye Htun Aung


Hana ရဲ့ လုပ်ဖော်ကိုင်ဖက်များအားလုံး မင်္ဂလာပါ! 

၂၀၂၅ ခုနှစ်၏ နှစ်ဝက်အချိန်ကို ရောက်ရှိလာသည့် ယခုအချိန်မှာ၊ ကုမ္ပဏီရှိ ဝန်ထမ်းများအားလုံးရဲ့ ပူးပေါင်းကြိုးပမ်းမှုများအပေါ်မှ ပြောင်းလဲတိုးတက်မှု အလားအလာကောင်းများ စတင်ရောက်ရှိလာပြီဖြစ်ကြောင်း ထင်မြင်ရပါသည်။ 

အထူးသဖြင့် ယခုကာလအတွင်း ထုတ်ချေးပေးသည့် ချေးငွေအသစ်များ၏ performance ကောင်းမွန်မှုသည် ကျွန်ုပ်တို့အားလုံးအတွက် တိုးတက်မှုအခြေခံဖြစ်စေသော သတင်းကောင်းတစ်ခုဖြစ်ပါသည်။ သို့သော် ဤအောင်မြင်မှုသည် Credit Team တစ်ခုထဲ၏ ကြိုးပမ်းမှုဖြင့် ရရှိလာခြင်းမဟုတ်ပါ။ 

ဤရလဒ်သည် Field Operation ဝန်ထမ်းများ၏ မျှော်မှန်းချက်နှင့်အညီ ကြိုးစားဆောင်ရွက်မှုများ၊ Risk, IT, HR, Finance, Admin တို့အပါအဝင် Support Teams များ၏ ပံ့ပိုးပေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ 

ကျွန်ုပ်တို့၏ တစ်ဦးချင်းစီ၏ တာဝန်ယူမှုနှင့် အပြန်အလှန်လေးစားမှုသည်၊ Team အသီးသီး၏ လုပ်ဆောင်ချက်များအပေါ် အာရုံစိုက်၍ ပူးပေါင်းဆောင်ရွက်သည့်အခါမှသာ အဖွဲ့အစည်းတစ်ခုအနေဖြင့် တည်တံ့သောအောင်မြင်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Risk ဌာနအနေဖြင့်လည်း ကုမ္ပဏီအတွင်းရှိ အန္တရာယ်များကိုစောင့်ကြည့်ခြင်း၊ သတိပေးခြင်းနှင့် အကြံပြုဆောင်ရွက်ခြင်းများကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ သို့သော် Risk Management ဆိုသည်မှာ ဌာနတစ်ခုတည်း၏တာဝန်ဖြစ်ခြင်းမဟုတ်ဘဲ၊ ဝန်ထမ်းအားလုံးမှ ပူးပေါင်းပါဝင်မှုမှတဆင့်သာ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ 

၂၀၂၅ ခုနှစ်၏ ရလာဒ်များအပေါ် အခြေခံကာ တာဝန်ယူမှု၊ စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်ယုံကြည်မှုများဖြင့် ကျွန်ုပ်တို့၏ ရေရှည်အောင်မြင်မှုကို တည်ဆောက်သွားကြဖို့ တိုက်တွန်းလိုပါသည်။ 

လေးစားစွာဖြင့်

Post a Comment

Previous Post Next Post