HMF's internal News

Top News

၂၀၂၅ ခုနှစ် မတ်လတွင် Write-off အား အကောင်းဆုံးပြန်လည်ကောက်ခံနိင်သည့် မော်လမြိုင်ရုံးခွဲမှ မန်နေဂျာ နှင့် အင်တာဗျူး

Min Thiha Htun| Branch Manager| Mawlamyine Branch

မော်လမြိုင်ရုံးခွဲအနေနှင့် မတ်လအတွက် Write-off အကောင်ဆုံး ပြန်လည်ကောက်ခံနိုင်ခဲ့တဲ့အပေါ် ဘယ်လိုခံစားရပါသလဲ 

မော်လမြိုင် ရုံးခွဲအနေနဲ့ ယခုကဲ့သို့ ရရှိခြင်းအတွက် ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ကျွန်တော့် လုပ်သက် ၁နှစ် မပြည့်ခင်မှာပဲ ယခုလို ရရှိတဲ့အတွက်လဲ ပျော်ပါတယ်။ မော်လမြိုင်ရုံးခွဲအနေနဲ့ က အခြားသောဆုသော်လည်းကောင်း၊ ချီးကျူးခံရခြင်းမျိုးသော်လည်းကောင်း မရရှိခဲ့သည့်အတွက် ယခုကဲ့သို့ အသိအမှတ်ပြုရရှိလာတဲ့အပေါ်မှာလဲ ဝမ်းသာပါတယ်ခင်ဗျာ။ ဉပမာပေါ့ဗျာ ရွာငယ်ဇနပုဒ်က ဘုန်းကြီးကျောင်းလေးမှာ မြို့ကသူဌေးတွေ ကထိန်လာခင်းတာခံရတဲ့ ဘုန်းကြီးတပါးရဲ့ ခံစားချက်နဲ့ အတူတူပါပဲ ခင်ဗျ။ 

ဒီလိုမျိုး Write-off တွေကို အကောင်းဆုံးပြန်လည်ကောက်ခံနိုင်အောင် ရုံးခွဲရဲ့ မန်နေဂျာတစ်ယောက်အနေဖြင့် ဘယ်လိုမျိုး ကြိုးစားဆောင်ရွက်ခဲ့ပါသလဲ? 

ကျွန်တော်တို့ ကိုယ်တိုင်ကြိုးစားတယ်ဆိုတာထက် ဝန်ထမ်းတွေရဲ့ ကြိုးစားမှုကလဲ အများဆုံးပါ ပါတယ်။ ကျွန်တော့်ဘက်ကတော့ ဒါက ဒီလိုကောက်နိုင်ရင် ရနိုင်တာက ဘာရှိတယ်ဆိုတာမျိုး ပထမဦးစားပေးက Ontime၊ ပြီးရင် Overdue၊ ပြီးလို့အချိန်ရပြီဆိုတာနဲ့ Write-off List ထဲကမှ သိနိုင်တဲ့ သူမျိုးတွေ၊ ဒီမှာက နယ်ခံဝန်ထမ်းဟောင်းက ၂ယောက်လောက်ပဲရှိတော့ တစ်ခါတစ်လေမှာ ထွက်သွားတဲ့ ဝန်ထမ်းတွေကို ဆက်သွယ်ပြီးမေးခိုင်းတာမျိုးတွေ ကိုယ်ကိုယ်တိုင် ဖုန်းဆက်ပြီး မေးတာမျိုးတွေကိုလဲလုပ်ရတယ်။ ပြီးရင် ပိုက်ဆံပြန်ရဖို့ထက် ပထမဆုံးက ကျွန်တော်တို့ သူ့ရဲ့ နေရာနဲ့ လူကိုအရင်တွေ့ဖို့ကို ပထမဆုံးစပြီး ဦးစားပေးပြီးဆောင်ရွက်ရပါတယ်။ Team Work ကိုအကောင်အထည်ဖော်ဦးစားပေးပြီး သွားခိုင်းတာမျိုးတွေ၊ ပြန်တွေ့တဲ့ အသင်းသားဆိုရင်လဲ လိုက်တွေ့ပြီး ဆွေးနွေးတာမျိုးတွေ နဲ့ ဒီနယ်ကို ကျင်လည်ပြီးသား RRO တို့တွေကို အကူညီတောင်းတာမျိုးတွေ လုပ်ဆောင်ရပါတယ်။ ကူညီပေးမှုအတွက်လဲ ကျွန်တော့်အနေနဲ့ အများကြီးကျေးဇူးတင်ပါတယ်။ 

အသင်းသားတွေကို ပြန်လည်ပေးဆပ်ချင်လာအောင် ဘယ်လိုမျိုးလုပ်ဆောင်ခဲ့လဲဆိုတာလေးကို ပြန်လည်မျှဝေပေးပါအုံးရှင်

အသင်းသားနဲ့ တွေ့ဆုံခဲ့ပြီဆိုရင် ပထမဆုံး သူတို့ကို Hana Microfinance နဲ့ပါတ်သက်ပြီး ပြန်မိတ်ဆက်ရတယ်။ ကျွန်တော်တို့ ကုမ္ပဏီ ကလက်ရှိအထိ လုပ်ငန်းတွေကို ဆက်လက်ပြီးလုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်း၊ ရုံးတည်နေရာကတော့ ဘယ်မှာရှိနေသေးတဲ့အကြောင်း အရင်ဆုံးပြောပြရပါတယ်။ နောက်တစ်ဆင့်ကတော့ ကိုယ်နဲ့ တွေ့ဆုံတဲ့အသင်းသားက သူတို့မှာ ချေးငွေလက်ကျန်ရှိနေသေးကြောင်း သိမသိ မေးရတယ်။ ပမာဏ တွေ ထုတ်ခဲ့တဲ့အချိန်တွေ သူတို့မှတ်မိသလားဆိုတာ ထပ်မေးရပါတယ်။ သူတို့မှတ်မိပြီဆိုတာနဲ့ ကျွန်တော်တို့အတွက်က ၇၀% ကိုယ့်ဘက်ပါလာဖို့သေချာပြီ။ မမှတ်မိသေးရင်လဲ သူတို့နဲ့ထုတ်ခဲ့တဲ့ အဖွဲ့ကလူစာရင်းကို ပြန်ပြောပြတာမျိုးလေးတွေလုပ်ရပါတယ်။ 

ပြီးမှ ကျွန်တော်တို့ ကျန်နေတဲ့ ကြွေးကျန်ငွေကို ရှင်းပြရတယ်။ သူတို့မှာစာရင်းရှိနေရင်လဲ တိုက်ပြီးစစ်ဆေးပေးတာမျိုးတွေလုပ်ပေးတယ် တွေ့တွေ့ချင်း ပိုက်ဆံတောင်းတာမျိုးမဟုတ်ဘဲ ဘယ်လိုလေးပြန်ဆပ်ရင် အဆင်ပြေမလဲဆိုတာမျိုးတွေ ကျွန်တော်တို့ဘက်က ရှိသမျှကြွေးကျန်ငွေကို ပုံပေးရမယ်ဆိုတာမျိုးမဟုတ်ဘဲ မိသားစုအခြေအနေပေါ်မူတည်ပြီး ဘယ်ပမာဏလောက်ဆို အဆင်ပြေနိုင်တယ်ဆိုတာမျိုး ဆွေးနွေးညှိနှိုင်း မှုတွေ ပြောပြရတယ်။ ကိုယ့်ဘက်က ဘယ်လောက်ထိ တိတိကျကျလုပ်ပေးနိုင်တယ်ဆိုတာမျိုးတွေ ချပြရတယ်။ အခြား Microfinance တစ်ခုမှာငွေလိုချင်ရင်တောင် အဆင်မပြေဖြစ်နိုင်တာမျိုးတွေ နာမည်ပျက်စာရင်းထဲပါတာမျိုးတွေ နောင်သံသရာတွေ သားသမီးတွေအတွက်မျက်နှာငယ်ရတယ် ဘာညာတွေပေါ့ဗျာ အဲ့ဒါတွေကတော့ ပြောနေကြတွေမို့ ထည့်မရေးတော့ပါဘူး အဲ့လိုလေးတွေနဲ့လုပ်ဆောင်ခဲ့ရပါတယ်။


မော်လမြိုင်ရုံးခွဲမှ ဝန်ထမ်းများ


Post a Comment

Previous Post Next Post