HMF's internal News

Top News

၂၀၂၅ ခုနှစ်၏ မေလ Townhall အား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့

မေလ (၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် Townhall အား CEO ဦးမင်းမင်းဇော်မှ အဖွင့်နှုတ်ဆက်စကားဖြင့် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ 

 မေလ Townhall Meeting တွင် CEO မှ ရုံးချုပ်နှင့်ရုံးခွဲဝန်ထမ်းများအား မျှဝေပေးခဲ့သောအကြောင်းအရာများ 

-  မေလတွင် ရုံးချုပ်နှင့်ရုံးခွဲများသို့ အသစ်ဝင်ရောက်လာသော ဝန်ထမ်းသစ်များအား ဝန်ထမ်းများအားလုံးနှင့်မိတ်ဆက်ပေးခဲ့ပါတယ်။ 

 - ဆက်လက်ပြီး CHRO မှ Hana Culture Global Workshop အဖြစ်သွားရောက်ခဲ့သည့် အတွေ့အကြုံများကို ဝန်ထမ်းများအားလုံးအား ပြန်လည်မျှဝေပေးခဲ့ပါတယ်။ 

မတ်လနှင့် ဧပြီလတွင် အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့သော ရုံးခွဲများနှင့်ဝန်ထမ်းများအား CEO မှ ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။

ထို့နောက် HFG ဘက်မှ ပေးပို့တဲ့ 'Responsibility, Dedication and Talent Promotion' video အား အတူတကွကြည့်ရှုခဲ့ကြပါတယ်။ CEO မှ ဝန်ထမ်းများ၏အတွေးအမြင်နှင့် အနှစ်ချုပ်အား ပြန်လည်ပြောကြားပေးခဲ့ပါတယ်။ ဝန်ထမ်းများ၏ အကြံပြုချက်များ၊ သဘောထားများအား ရိုးသားပွင့်လင်းစွာ တင်ပြနိင်ရန်အတွက် ပြုလုပ်ထားသော Suggestion Box အမေး/ အဖြေများအား သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ဖြေကြားထားသော အချက်အလက်များအား မျှဝေပေးခဲ့ပါတယ်။ 

Townhall ၏ နောက်ဆုံးအစီအစဥ်အနေဖြင့် ဟာနာ၏ ဆောင်ပုဒ်ကို C-levels များနှင့် ဝန်ထမ်းများအားလုံး အတူတကွရွတ်ဆိုခြင်းဖြင့် မေလ၏ Townhall အား အဆုံးသတ်ခဲ့ပါတယ်။










Post a Comment

Previous Post Next Post