HMF's internal News

Top News

မိတ္ထီလာရုံးခွဲ၊ မှော်ဘီရုံးခွဲနှင့် စာဘူးတောင်းရုံးခွဲများသို့ SIT (Special Investigation Team)မှ သွားရောက်၍ Speak-up Campaign များပြုလုပ်ခဲ့

SIT (Special Investigation Team) အနေဖြင့် ကုမ္မှဏီမှ ချမှတ်ထားသော ပေါ်လစီများအား ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ရုံးခွဲများသို့ သွားရောက်၍ Speak-up Campaign များအားပြုလုပ်ဆောင်ရွက်လျက်ရှိပါတယ်။

၉.၅.၂၀၂၅ ရက်နေ့တွင် မိတ္ထီလာရုံးခွဲ၊ ၁၃.၅.၂၅ နေ့တွင် မှော်ဘီရုံးခွဲနှင့် ၁၅.၅.၂၅ ရက်နေ့တွင် စာဘူးတောင်းရုံးခွဲများသို့ သွားရောက်ခဲ့ပြီး အဆိုပါရုံးခွဲများရှိ BM၊ ABM များအပါအဝင် ဝန်ထမ်းများအတွက် Speak-up Campaign ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးတွင် ငွေကြေးလိမ်လည်ခြင်းများ၊ အကျင့်ပျက်ခြစားမှုများနှင့် အခြားသော ကျင့်ဝတ်နှင့်သွေဖယ်သော ကိစ္စရပ်များအတွက် ဝန်ထမ်းများအနေဖြင့်တွေ့ရှိကြုံတွေ့ရပါက နှုတ်ဆိတ်မနေဘဲ ရဲရဲဝံ့ဝံ့နှင့် တိုင်ကြားနိုင်ရန်အတွက် SIT (Special Investigation Team)၏ Whistle Blowing တွင် လာရောက်တိုင်ကြားနိုင်ကြောင်း အသိပေးလှုံ့ဆော်မှုပြုလုပ်ခဲ့ပါတယ်။

တီးတိုးတိုင်ကြားဖို့ နဲ့ အသံတိတ်မနေဖို့ အတွက် သင့်မှာ တာဝန်ရှိပါတယ်။ တီးတိုးတိုင်ကြားဖို့ သင့်မှာတာဝန်ရှိသလို၊ ကုမ္ပဏီ ဘက်မှ တိုင်ကြားသူကို လျှို့ဝှက်ပေးထားမယ်လို့ အာမခံပါတယ်။ 

မှန်ကန်သော တိုင်ကြားမှုများကို ထိရောက်စွာ စုံစမ်းအရေးယူသွားမှာ ဖြစ်ပါတယ်။







Post a Comment

Previous Post Next Post