HMF's internal News

Top News

ငလျင်ကြောင့် ထိခိုက်ဆုံးရှုးခဲ့သော ဒေသအသီးသီးမှ အသင်းသားများအား လူမှုထောက်ပံ့ရေးရံပုံငွေ ကျပ်သိန်း (၃၀၀) ကျော် ပေးအပ်ခဲ့

ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဟာနာအသင်းသားများအား ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ဟာနာမှ သဘာဝဘေးအန္တရာယ်ငလျင်ပြီးပြီးချင်း အရေးပေါ်တုံပြန်ရေးလုပ်ငန်းအဖွဲ ဖွဲစည်းခဲ့ပြီး သက်ဆိုင်ရာမြေပြင်မှ ရုံးခွဲများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါရရှိသော အချက်အလက်များကို အခြေခံပြီး အင်အားပြင်းငလျင်ကြောင့်ထိခိုက်ပျက်စီးသွားခဲ့သည့် ပဲခူးတိုင်းဒေသကြီးရှိ ဖြူး၊ တောင်ငူ၊ ရေတာရှည်၊ မန္တလေးတိုင်းဒေသကြီးရှိ မိတ္ထီလာ၊ မြစ်သား၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ ရမည်းသင်းနှင့် နေပြည်တော်ကောင်စီရှိ လယ်ဝေး၊ ပျဥ်းမနား၊ တပ်ကုန်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ စစ်ကိုင်းမြိုနှင့် ရှမ်းပြည်နယ်ရှိ ပင်းတယ၊ ပင်လောင်း၊ ရွှေညောင် အစရှိသည့် မြိုနယ်နှင့်ကျေးရွာများရှိ ဟာနာမိတ်ဆွေ၊ အသင်းသားများကို လူမှုထောက်ပံ့ရေးရန်ပုံငွေ ကျပ်သိန်း (၃၀၀) ကျော်အား ပေးအပ်ခဲ့ပါတယ်။ 

ဟာနာမှ အသင်းသားများသာမကပဲ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းများအတွက်လည်း လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများနှင့် ကုမ္ပဏီမှ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း (၂၈၀) ကျော်အား ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ 

ဟာနာရဲ့ မိခင်ကုမ္ပဏီဖြစ်သည့် Hana Financial Group မှလည်း မြန်မာနိုင်ငံရှိ အင်အားပြင်ငလျင်ဒဏ်ခံစားရသူများအတွက် အရေးပေါ်ကူညီမှု အမေရိကန်ဒေါ်လာ (၇၀,၀၀၀) နီးပါးအား Korean Red Cross မှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပါတယ်။ 

Hana Microfinance အနေဖြင့် အသင်းသားများ၏ လူမှုစီးပွားဘဝများ တိုးတက်ရေးအတွက် အမြဲအလေးထား ဆောင်ရွက်လျှက်ရှိပါတယ်။










Post a Comment

Previous Post Next Post