သွေးသည်အသက်၊ အသက်သည်သွေး" ဆိုသည့်အတိုင်း သွေးတစ်စက်နှင့် အသက်ကယ်နိုင်ဖို့အတွက် ဟာနာဝန်ထမ်းမိသားစုများမှ ဒီဇင်ဘာလ ၂၀ ရက်နေ့ ၂၀၂၄ ခုနှစ်မှာ အမျိုးသားသွေးဌာနကို စုပေါင်း သွေးလှူဒါန်းခဲ့ကြပါတယ်။ "သွေးလှူဒါန်းခြင်းသည် ကမ္ဘည်းမထိုးရသောအလှူ၊ အလှူခံသူ မသိရသောအလှူ၊ အလှူခံသူမှ အလှူရှင်ကို မသိရသောအလှူ၊ ပကာသနတွေ မပါသောအလှူ" ထို့ကြောင့် မွန်မြတ်သော အလှူဖြစ်ပါတယ်။
ဒီလိုမွန်မြတ်တဲ့အလှူကို ဟာနာဝန်ထမ်းမိသားစုများမှ နှစ်တစ်နှစ်ရဲ့အဆုံးမှာ ကောင်းမှုပြုလုပ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
ရုံးချုပ်နှင့် ရုံးခွဲရှိ ဟာနာဝန်ထမ်းမိသားစုများ၏ သွေးလှူဒါန်းပုံရိပ်များ
Post a Comment