မိုးညှင်းရုံးခွဲဝန်ထမ်းများ
Type B ရုံးခွဲအနေနဲ့ collection ပြန်လည်ကောက်ခံနိုင်မှုအများဆုံး အဖြစ် ဖော်ပြခံရတဲ့အပေါ် ဝမ်းသာပီတိစကားလေး ပြောပြပေးပါအုံးရှင့်
မိုးညှင်းရုံးခွဲက Collection ပြန်လည်ကောက်ခံနိုင်မှာအကောင်းဆုံးဆုရတဲ့အပေါ်မှာ ဝမ်းသာပါတယ်။ အထူးသဖြင့် ချထားတဲ့ disbursement တွေကို On-time အချိန်မီ ပြန်လည်ကောက်ခံ နိုင်တဲ့အတွက် ဝမ်းသာရပါတယ်။
အခက်အခဲ စိန်ခေါ်မှုတွေကြားကနေ ဘယ်လိုမျိုး အသင်းသားတွေနဲ့ ဆက်သွယ်ပြီး ကောက်ခံခဲ့သလဲဆိုတဲ့ အတွေ့အကြုံလေး ဝေမျှပေးပါအုံး
မိုးညှင်းရုံးခွဲအနေနဲ့ ဖုန်းလိုင်မရှိ၊ အင်တာနက်တွေမရတဲ့အခြေအနေတွေရှိပါတယ်။ အထူးသဖြင့် Risk Zone ထဲရောက်နေတဲ့ အသင်းသားတွေနဲ့ အဆက်သွယ်မပြတ်ဖို့အတွက် ငွေလာသွင်းတဲ့လူတွေနဲ့ နီးစပ်ရာလူတွေကို တဆင့်စကားပါးတာဖြစ်ဖြစ်၊ စာနဲ့ဖြစ်ဖြစ် ပို့ပြီး ကြိးစားဆက်သွယ်ခဲ့ပါတယ်။ တချို့အသင်းသားတွေကိုတော့ သွားလာရခက်ခဲတဲ့အတွက် စာပို့တဲ့အခါ ၂ ခါလောက်ပို့ပြီး Collection ကို ကြိုးစားကောက်ခဲ့ပါတယ်။
Post a Comment