Aung Thu| Branch Manager| ပျော်ဘွယ်ရုံးခွဲ
ပျော်ဘွယ်ရုံးခွဲအနေနဲ့ နိုဝင်ဘာလအတွက် PAR အလျှော့ချနိုင်ဆုံး ရုံးခွဲ တစ်ခုအနေနဲ့ ပါခဲ့တဲ့အပေါ် ဘယ်လိုမြင်ပါလဲ?
ပျော်ဘွယ်ရုံးခွဲအနေဖြင့် နိုင်ဝင်ဘာလအတွက် PAR အလျော့ချနိုင်ဆုံးရုံးခွဲတစ်ခုအနေနဲ့ပါလာတဲ့အတွက် ရုံးခွဲရှိဝန်ထမ်းများ၏ ပူးပေါင်းကြိုးစားအားထုတ်မှုမှ ရလဒ်ကောင်းတစ်ခုကိုဖန်တီးနိုင်ခဲ့တဲ့အတွက် ဝန်ထမ်းများအားလုံးကိုလဲကျေးဇူးတင်ရှိတယ် ပြီးတော့ဂုဏ်ယူဝမ်းမြောက်မိပါတယ် ခင်ဗျာ့။
ရုံးခွဲ မန်နေဂျာ အနေနဲ့ PAR လျော့ကျအောင် ဘယ်လို ဆောင်ရွက်ခဲ့ပါလဲ။ သက်ဆိုင်ရာ ဝန်ထမ်းတွေကရော ဘယ်လိုတွေ လုပ်ဆောင်ခဲ့လို့ ဒီလို PAR အများဆုံး လျှော့ချနိုင်ခဲ့တာပါလဲ?
ပျော်ဘွယ်ရုံးခွဲသည် ရေးဘေးသင့်ခဲ့သည့်ရုံးခွဲတစ်ခုဖြစ်သည့်အတွက် BM,ABM အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ PAR တွေကို Loan product wise, Day in arrears wise, Analysis လုပ်ပြီး သက်ဆိုင်ရာဝန်ထမ်းများနှင့်အစည်းအဝေးပြုလုပ်ကာ နောက်ကျချေးငွေများပပျောက်အောင်အသင်းသားများနှင့်ညှိနှိုင်းကောက်ခံခြင်း၊ Intervention ပြုလုပ်လို့ရနိုင်သည့်အသင်းသားများနှင့်ညှိနှိုင်းဆွေးနွေးကာ Intervention ပြုလုပ်ခြင်း၊ နောက်ကျချေးငွေများမပေးဆပ်နိုင်သော်လဲ ပုံမှန်ပေးဆပ်နေသောအသင်းသားများအား စုဆောင်းငွေဖြင့်ခုနှိမ်ကာ ပေးဆပ်စေခြင်းတို့ကြောင့်ခုလိုလျှော့ချနိုင်ခဲ့ခြင်းဖြစ်ပါတယ် ခင်ဗျာ့။
PAR လျှော့ချဖို့အတွက် ဘယ်အချက်တွေက အရေးကြီးပြီးတော့ လုပ်ဆောင်သင့်တယ်ဆိုတဲ့ အမြင်ကို ဝေမျှပေးပါအုံး။
PAR လျော့ချဖို့အတွက် အရေးကြီးတဲ့အချက်တွေကို ကျွန်တော့်အမြင်အရပြောရရင် အဓိကကမီးမလောင်ခင်တားဖို့လိုသလို PAR မဖြစ်ခင်က ကာကွယ်တားဆီးပြီး on time ကောက်ခံရရှိအောင်အရင်ဦးဆုံးလုပ်ဆောင်ရပါမည် ဖြစ်သွားပြီးဆိုရင်တော့ အရေးကြီးတာက သက်ဆိုင်ရာ FO/IFO သည်အသင်းသားအခြေအနေကို အလုံးစုံသိရှိရမည်ဖြစ်ပြီး အသင်းသားနှင့်ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကိုဖန်တီးနိုင်ရပါမယ် ပြီးတော့ ချေးငွေပေးဆပ်ဖို့အတွက်အမြဲထိတွေ့ဆက်သွယ်နေရပါမယ်၊ အသင်းသား၏အခြေအနေကိုကြည့်ပြီး ဘယ်လိုချဥ်းကပ်ရမယ်ဆိုတာကိုကောင်းကောင်းနားလည်ဖို့လိုပါမယ် ကုမ္မဏီ၏လုပ်ငန်းစဥ်များကို အသင်းသားအများအနေဖြင့်ရှင်းလင်းသိရှိအောင်ရှင်းပြလုပ်ဆောင်နိုင်ရပါမယ်။
အသင်းသားများအနေဖြင့်လဲ ကြွေးကျန်ပျောက်သွားပါကဘယ်လိုကောင်းကြိုးတွေရှိတယ်ဆိုတာကိုရှင်းပြဆွဲခေါ်နိုင်ရပါမယ် သက်ဆိုင်ရာရုံးခွဲမန်နေဂျာတွေအနေဖြင့်လဲ နေ့စဥ်၊ အပတ်စဥ်၊ လစဥ် ကြွေးကျန်စာရင်းများကိုခွဲခြမ်းစစ်ဆေးခြင်း၊ Phone or Physical Follow Up လိုက်ခြင်း အတိုး/အလျော့စာရင်းများကို ဝန်ထမ်းများနှင့် short meeting ပြုလုပ်ကာစစ်ဆေးဆောင်ရွက်ပြီး action plan ပြုလုပ်ဆောင်ရွက်ဖို့လိုအပ်ပါတယ်လို့ ထင်မြင်မိပါတယ်။
ပျော်ဘွယ်ရုံးခွဲဝန်ထမ်းများ
Post a Comment