HMF's internal News

Top News

ရုံးချုပ်နှင့် သိမ်ဖြူရုံးခွဲတို့၏ စုပေါင်းမဟာ ဘုံကထိန်အလှူ

မြန်မာ့ရိုးရာ ဓလေ့ထုံးစံအရ တန်ဆောင်မုန်းလမှာ ကျင်းပလေ့ရှိတဲ့ မဟာဘုံကထိန်အလှူအနေဖြင့် Hana Microfinance ဝန်ထမ်းမိသားစုမှ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် သန်လျင်မြို့အောင်ချမ်းသာရပ်ကွက်ရှိ အတုလဂုဏ်ရည်ကျောင်းတိုက်တွင် ရဟန်းများနှင့်သက်ဆိုင်သည့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ပြီး ရေစက်ချ တရားနာယူခဲ့ကြပါတယ်။ 

ဘုံကထိန်အလှူအတွက် ဟာနာ ရုံးချုပ်နှင့် သိမ်ဖြူရုံးခွဲမှ ဝန်ထမ်းမိသားစုများမှ အလှူငွေများ စုပေါင်းလှူဒါန်းခဲ့ကြသည့်အပြင် ရဟန်းသံဃာများအတွက် ဆေးဝါး ယပ်တောင် ထီးစသည့် လှူဖွယ်ပစ္စည်းများအား သဒ္ဓါထက်သန်စွာ လှူဒါန်းခဲ့ကြပါတယ်။










Post a Comment

Previous Post Next Post