HMF's internal News

Top News

Legal & Compliance Team မှ Know Your Employee (KYE) Awareness အား သက်ဆိုင်ရာရုံးခွဲများသို့အွန်လိုင်းမှ ပြုလုပ်ဆွေးနွေး

ယခုအောက်တိုဘာလမှစတင်၍ Legal & Compliance Team မှ KYE Awareness အား ရုံးခွဲများသို့ သွားရောက်နွေးဆွေးခြင်းကို အွန်လိုင်း Program အဖြစ် ပြောင်းလဲ၍ ပြုလုပ်ခဲ့ပါတယ်။ အောက်တိုဘာလတွင် Online KYE Program အနေဖြင့် (၁၀-၁၀-၂၀၂၄) ရက်နေ့ မနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီ တွင် ဇလွန်ရုံးခွဲမှ ဝန်ထမ်း (၁၆) ဦးအားလည်းကောင်း၊ နေ့လယ် ၂ နာရီမှ ၅ နာရီအတွင်း ဟင်္သာတရုံးခွဲမှ ဝန်ထမ်း (၁၆) ဦး အားလည်းကောင်း၊ (၁၁-၁၀-၂၀၂၄) ရက်နေ့ မနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း မော်လမြိုင်ကျွန်းရုံးခွဲမှ ဝန်ထမ်း (၂၆) ဦးအားလည်းကောင်း အွန်လိုင်းမှ တွေ့ဆုံခဲ့ကြပါတယ်။ အွန်လိုင်းဖြင့် ပြောင်းလဲပို့ချရာတွင်လည်း လူကိုယ်တိုင်ရုံးခွဲများသို့ သွားရောက်ခဲ့သည့်အတိုင်း ရုံးခွဲ(၃)ခုရှိ တာဝန်ထမ်းဆောင်လျှက်ရှိသော ဝန်ထမ်းများအား AML / CFT / WMD နှင့် IRC Awareness အကြောင်းများအပါအဝင် တခြားသော ဥပဒေဆိုင်ရာ ဗဟုသုတများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ 

ထို့နောက် ဝန်ထမ်းတစ်ဦးချင်းဆီအလိုက် (Individual Interview) များပြုလုပ်၍ သိရှိနားလည်မှု ရှိ / မရှိ အား မေးမြန်း၍ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ကုမ္ပဏီတွင် ဌာနအသီးသီးမှ ထုတ်ပြန်ထားသည့် Procedure / Policy / Instruction များသည် ကုမ္ပဏီ၏ အသက်သွေးကြောများအဖြစ်တည်ရှိနေပြီး လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပါလျှင် အရေးယူ ဆောင်ရွက် မှုများ ကြုံကြိုက်နိုင်မည်ဖြစ်ပါတယ်။ ကုမ္ပဏီတွင် ဝန်ထမ်းများအားလုံးအတွက် ဌာနအသီးသီးမှ ထုတ်ပြန် ထားသည့် Procedure / Policy / Instruction များအား လွယ်လင့်တကူ လေ့လာဖတ်ရှု့ နိုင်ရန်အတွက် Internal Regulations Center - Home (sharepoint.com) (IRC)အား ဖွဲ့စည်းတည်ထောင်ထားပြီးဖြစ်ပါသဖြင့် မိမိတို့၏ အနားယူချိန်များ၊ အားလပ်ချိန်များတွင် ဝင်ရောက်ဖတ်ရှု့လေ့လာနိုင်ပါတယ်။ အွန်လိုင်းမှ ပြုလုပ်ခဲ့သည့် Legal & Compliance Team မှ ပုံများအား ပြန်လည်မျှဝေလိုက်ပါတယ်။





Post a Comment

Previous Post Next Post