HMF's internal News

September 2024 Townhall အောင်မြင်စွာ ကျင်းပပြီးစီး

၂၀ ကြိမ်မြောက် Townhall ဖြစ်တဲ့စက်တင်ဘာလ ၂၀၂၄ Townhall ကို CEO ဦးမင်းမင်းဇော် ဦးဆောင်၍ အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ အဆိုပါ Townhall သို့ အွန်လိုင်းမှတက်ရောက်သည့် ရုံးခွဲဝန်ထမ်း စုစုပေါင်း ၄၅၆ ယောက်ကျော် နှင့် ရုံးချုပ်မှ ဝန်ထမ်း ၁၀၀ ကျော် စုစုပေါင်း (၆၀၀) နီးပါးတက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ Townhall meeting တွင် CEO ဦးမင်းမင်းဇော်မှ အဖွင့်နှုတ်ဆက်စကားပြောကြားပြီး CHRO မသက်ထားဦးမှ Deputy Chief Technology Officer ဦးအောင်ဇော်လတ်အား ဝန်ထမ်းများအားလုံးနှင့် မိတ်ဆက်ပေးခဲ့ပါတယ်။ သြဂုတ်လ ၂၆ ရက်မှ ၂၇ ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် Hana Culture Global Workshop သို့ သွားရောက်ခဲ့သည့် ဝန်ထမ်းများမှ ၄င်းတို့၏ အတွေ့အကြုံများအား ပြန်လည်မျှဝေပေးခဲ့ကြပါတယ်။ ထို့နောက် CEO မှ ကုမ္ပဏီ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ Update အခြေအနေများ၊ CSR Activities များနှင့် အရေးကြီးထုတ်ပြန်ချက်များ စသည့် ဝန်ထမ်းများ သိသင့်သိထိုက်သည်များကို မျှဝေခဲ့ပါတယ်။ ဒါ့အပြင် ယခုစက်တင်ဘာလတွင် အခက်အခဲများကြားမှ ကြိုးစားပေးခဲ့ကြသည့် ဝန်ထမ်းများအား အသိအမှတ်ပြုသောအားဖြင့် Top Collection Branch ဆုအသစ်အားထပ်မံတိုးချဲ့ပေးအပ်ခဲ့ပါတယ်။ Best Performing Branch ရရှိသော ရုံးခွဲများမှာ ရပ်စောက်၊ ကန်ကြီးထောင့် နှင့် ညောင်တုန်းရုံးခွဲများဖြစ်ပါတယ်။ High Repayment rate on Intervention ရရှိသော ရုံးခွဲများမှာ ပျော်ဘွယ်၊ ရေတာရှည်ရုံးခွဲနှင့် ပျဥ်းမနားရုံးခွဲများဖြစ်ပါတယ်။ Type B (Top Collection) ဆုရသည့် ရုံးခွဲများမှာ စစ်ကိုင်း၊ ပုလော၊ ကလေး ရုံးခွဲများဖြစ်ပါတယ်။ ယခုလိုဆုရရှိအောင်ကြိုးစားပေးခဲ့ကြသည့် BM၊ ABM နှင့် ရုံးဝန်ထမ်းများ အားလုံးအား CEO ဦးမင်းမင်းဇော်မှ ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ ထို့နောက် CEO မှ ဦးဆောင်၍ လအလိုက် Recap Quiz များအား တက်ရောက်လာတဲ့ ဝန်ထမ်းများမှ တက်ကြွစွာ ပါဝင်ဖြေဆိုခဲ့ကြပါတယ်။ ဆက်လက်ပြီး Townhall meeting တွင် ဝန်ထမ်းများအား မိမိတို့တွေ့ကြုံရသည့် လုပ်ငန်းခွင် မတရားမှုများနှင့် အခြား တရားမျှတမှုမရှိသော ကိစ္စရပ်များအားလုံးအတွက် အသံတိတ်မနေဘဲ ရဲရဲဝင့်ဝင့်တိုင်ကြားနိုင်ရန်အတွက် Whistle Blowing Channel အားထပ်မံအသိပေးပြောကြားခဲ့ပြီး၊ ရုံးခွဲဝန်ထမ်းများမှ Management Level များထံ မေးမြန်းထားသော သိရှိလိုသည့်မေးခွန်းများထဲမှကောက်နှုတ်၍ သက်ဆိုင်ရာ Department အလိုက်တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

Post a Comment

Previous Post Next Post