HMF's internal News

Top News

သင်္ကြန်အကြို စုပေါင်းဆင်နွှဲမှု အမှတ်တရ 💦

သင်္ကြန်ရုံးပိတ်ရက်မတိုင်ခင် မနေ့က (ဧပြီလ ၇ ရက်) ညနေ ၃ နာရီမှ ၅ နာရီခွဲထိ "သင်္ကြန်အကြိုပွဲလေး" ကို ကျင်းပခဲ့ပါတယ်။ 

ပွဲလေးကို "မန်းတောင်ရိပ်ခို" အကနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး၊ Management များမှ အားပေးစကားနဲ့ ဆုတောင်းစကားများ ပြောကြားပေးခဲ့ကြပါတယ်။ ဝန်ထမ်းများအားလုံးကိုလည်း သင်္ကြန်မုန့်ဖိုးများ အသီးသီးပေးအပ်ခဲ့လို့ အားလုံးပဲ ဝမ်းသာပျော်ရွှင်ခဲ့ကြရပါတယ်။ 

အစီအစဉ်အရ သင်္ကြန်တေးသီချင်းများဖြင့် ပျော်ပျော်ပါးပါး သီဆိုကခုန်ခဲ့ကြသလို၊ သင်္ကြန်ရိုးရာမုန့်များဖြစ်တဲ့ မုန့်လုံးရေပေါ်နှင့် မုန့်လက်ဆောင်း တို့ကိုလည်း ကျွေးမွေးဧည့်ခံခဲ့ကြပါတယ်။ 

တစ်နှစ်တာလုံး အပင်ပန်းခံ ကြိုးစားခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်များအားလုံး ဒီသင်္ကြန်ကာလမှာ ကိုယ်စိတ်နှစ်ပါး အေးချမ်းကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ 🙏💙 

Happy Thingyan everyone! 💦







Post a Comment

Previous Post Next Post