HMF's internal News

Top News

၂၀၂၅ ခုနှစ် စက်တင်ဘာလအတွက် Loan Portfolio Growth Rate အမြင့်ဆုံး ရရှိခဲ့သည့် စာဘူးတောင်းရုံးခွဲမှ မန်နေဂျာနှင့် အင်တာဗျူး

Ye Naing Tun| Branch Manager| Sar Bu Taung Branch

၂၀၂၅ ခုနှစ် စက်တင်ဘာလအတွက် စာဘူးတောင်း ရုံးခွဲအနေနဲ့ Growth Loan Outstanding (Type E) အမြင့်ဆုံးရုံးခွဲဆုရတဲ့အတွက် ဘယ်လိုခံစားရပါသလဲ

ဒီဆုကို ရရှိတဲ့အတွက်ကျွန်တော်တို့ စာဘူးတောင်းရုံးခွဲတစ်ခုလုံးက အင်မတန်မှ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ဒါဟာတစ်ဦးတည်းကြိုးစားအားထုတ်မှု့တစ်ခုတည်းမဟုတ်ဘဲ၊ ရုံးခွဲဝန်ထမ်းအားလုံးရဲ့အဖွဲ့လိုက်စည်းလုံးညီညွတ်မှု့နဲ့အမြဲမပြတ်ကြိုးပမ်းနေတဲ့စိတ်ဓာတ်ကိုထင်ဟပ်စေခဲ့ပါတယ်။ကျွန်တော့်တို့ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကိုအခုလိုအသိအမှတ်ပြုခံရတဲ့အတွက် နောင်လာမယ့်လတွေအတွက်ပိုမိုကောင်းမွန်အောင်ဆက်လက် လုပ်ဆောင်ဖို့ ကြီးမားတဲ့ ခွန်အားကိုပေးခဲ့ပါတယ်။

ဘာကြောင့် Loan Portfolio Growth အများဆုံးဖြစ်ခဲ့တာလဲ? 

ကျွန်တော်တို့ဟာ စာဘူးတောင်းဒေသနဲ့ ပတ်ဝန်းကျင်တွေက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့အသိုင်းအဝိုင်းကိုလေ့လာထားပါတယ်။ ဘယ်လိုချေးငွေအမျိုးအစားကသူတို့ရဲ့လိုအပ်ချက်နဲ့ကိုက်ညီမလဲဆိုတာကိုသိရှိပြီးအချိန်မှီဝန်ဆောင်မှု့ပေးခြင်း၊ ချေးငွေလျှောက်လွှာများအားစစ်ဆေးခြင်းနှင့် လုပ်ငန်းစဥ်များကိုပိုမိုမြန်ဆန်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရှိရင်းစွဲဖြစ်သည့်အသင်းသားကောင်းများနှင့်ပုဂ္ဂိုလ်ရေးအရပိုမိုခိုင်မာအောင်တည်ဆောက်ခဲ့ပြီးသူတို့ရဲ့စီးပွားရေးတိုးချဲ့နိုင်ဖို့အတွက်ချေးငွေများအားထိထိရောက်ရောက်မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ 

ဒီလိုအများဆုံးဖြစ်အောင် ဘယ်လိုလုပ်ဆောင်ခဲ့ကြသလဲ

ချေးငွေထုတ်ယူပြီးသည့်ငွေကျေအသင်းသားများ၏ ဝင်ငွေတိုးတက်မှု့အလားအလာအကောင်းဆုံးရှိသည့်အသင်းသားများနှင့်စီးပွားရေးလုပ်ငန်းငယ်များအား ဦးစားပေးစီစစ်ဖော်ထုတ်ခဲ့ပါသည်။ ရုံးခွဲဝန်ထမ်းများအားလုံးသည်သူတို့ရဲ့ပစ်မှတ် အသင်းသားအသစ်များအားနေ့စဥ်စီမံခဲ့ပါသည်။ ချေးငွေအရာရှိများအချင်းချင်း အတွေ့အကြုံဗဟုသုတဖလှယ်ရန် Weekly Meeting ပုံမှန်ပြုလုပ်ခဲ့ပါသည်။

လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်သည့်ဝန်ထမ်းများအား အသိအမှတ်ပြုပေးသည့်စနစ်ကိုအကောင်အထည် ဖော်ခဲ့သည်။ လစဥ် ချေးငွေပယ်ချခြင်းခံရသည့်အသင်းသားများကိုဘာကြောင့် Reject Loan ကိုပယ်ချခံရလဲဆိုသည့်အကြောင်းအရင်းကိုအဖွဲ့လိုက်ပြန်လည်သုံးသပ်ပြီး နောက်လတွေမှာအမှားအယွင်းမရှိအောင်သင်ခန်းစာယူပြင်ဆင်ခဲ့ပါသည်။ ဒါကြောင့် အလုပ်ပြန်လုပ်ရခြင်းနည်းသွားပြီး ချေးငွေထုတ်ပေးမှု အရေအတွက်များသွားခြင်းဖြစ်ပါသည်။

စာဘူးတောင်းရုံးခွဲမှ ဝန်ထမ်းများ

Post a Comment

Previous Post Next Post