HMF's internal News

Top News

နိုဝင်ဘာလအတွက် သင့်ရဲ့ ကံကြမ္မာ ဘယ်လိုရှိလဲကြည့်ရအောင်

နိုဝင်ဘာလမှာဘာတွေကြုံနိုင်မလဲ… ကိုယ့် sign အလိုက် ဖတ်ကြည့်လိုက်နော် 😉 

 ♈ မိဿ (Aries - မတ် ၂၁ - ဧပြီ ၁၉) 

မိဿရာသီဖွားတို့ရေ၊ ဒီလဟာ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို တစ်ဆင့်ပြီးတစ်ဆင့် အရှိန်မြှင့် တက်လှမ်းဖို့အတွက် အခွင့်အရေးကောင်းတွေက ပန်းကန်ထဲထည့်ပြီး ပေးလာပါလိမ့်မယ်။ အပြောင်းအလဲလုပ်ဖို့ မကြောက်ပါနဲ့။

 ♉ ပြိဿ (Taurus - ဧပြီ ၂၀ - မေ ၂၀) 

ပြိဿတွေ စိတ်ပူနေရတဲ့ ငွေကြေးကိစ္စတွေ ဟာ ဒီနိုဝင်ဘာလမှာ ပေါ့ပါးသွားပြီး အဆင်ပြေလာပါလိမ့်မယ်။ မိတ်ဆွေအပေါင်းအသင်း ဒါမှမဟုတ် မထင်ထားတဲ့နေရာကနေ အကူအညီနဲ့ အထောက်အပံ့ကောင်းတွေ ရလာနိုင်တာမို့ စိတ်သက်သာရာရပါလိမ့်မယ်။

♊ မေထုန် (Gemini - မေ ၂၁ - ဇွန် ၂၀) 

မေထုန်တွေအတွက်တော့ အလုပ်ထဲက ကိစ္စတွေရော၊ အပြင်က လူမှုရေးဆက်ဆံရေးတွေပါ အရင်ကထက် ပိုပြီး ချောမွေ့လွယ်ကူ လာမယ့် လပါပဲ။ လူတွေနဲ့ အဆင်ပြေလေလေ၊ ကိုယ်လုပ်တဲ့အရာတွေ ပိုအကျိုးဖြစ်ထွန်းလေလေပါပဲ။

♋ ကရကဋ် (Cancer - ဇွန် ၂၁ - ဇူလိုင် ၂၂) 

ကရကဋ်ရာသီဖွားတို့ရေ၊ ဒီလဟာ အိမ်နဲ့ မိသားစုကို အချိန်ပေး ရတဲ့ ပျော်ရွှင်စရာအချိန်တွေ ပိုများလာပါလိမ့်မယ်။ အတူတူ အချိန်ကုန်ဆုံးရင်း ခံစားချက်တွေ ဖလှယ်ဖို့၊ ရင်းနှီးမှုတွေ တည်ဆောက်ဖို့ အကောင်းဆုံးအချိန်ပါပဲ။

♌ သိဟ် (Leo - ဇူလိုင် ၂၃ - ဩဂုတ် ၂၂) 

သိဟ်ရာသီဖွားတွေ ဒီနိုဝင်ဘာမှာ အားအင်အပြည့်နဲ့ ရှိနေပါလိမ့်မယ်။ အလုပ်အကိုင်နဲ့ ပတ်သက်ရင် ကိုယ်တိုင် တက်တက်ကြွကြွ ဦးဆောင်လုပ်ကိုင်ချင်တဲ့ စိတ်ဓာတ်တွေ များလာမှာဖြစ်လို့ အောင်မြင်မှုရဖို့ အလားအလာ အများကြီးရှိပါတယ်။

♍ ကန် (Virgo - ဩဂုတ် ၂၃ - စက်တင်ဘာ ၂၂) 

ကန်ရာသီဖွားတို့ ခံစားနေရတဲ့ ဖိစီးမှုတွေဟာ တဖြည်းဖြည်း လျော့ပါး သွားပါလိမ့်မယ်။ ဒီအခွင့်အရေးကို အသုံးချပြီး အစီအစဉ်အသစ်၊ စီမံကိန်းအသစ်တွေကို စတင်အကောင်အထည်ဖော်ဖို့ သင့်တော်တဲ့ လပါပဲ။

♎ တူ (Libra - စက်တင်ဘာ ၂၃ - အောက်တိုဘာ ၂၂)

တူရာသီဖွားတွေအတွက်တော့ အတိတ်က မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ရှင်းလင်း ဖို့၊ စိတ်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပြီး အသစ်တဖန် စတင်ဖို့ အချိန်တန်ပါပြီ။ အတိတ်ကို ပိတ်လိုက်ပြီး ရှေ့ဆက်ဖို့ပဲ အာရုံစိုက်လိုက်ပါ။

♏ ဗြိစ္ဆာ (Scorpio - အောက်တိုဘာ ၂၃ - နိုဝင်ဘာ ၂၁) 

ဗြိစ္ဆာတွေအတွက် ဒီလဟာ အလုပ်အကိုင် ဒါမှမဟုတ် လုပ်ငန်းခွင်မှာ ထူးထူးခြားခြား အောင်မြင်မှု တွေ ပြသနိုင်မယ့် လတစ်လပါ။ ကိုယ့်ကြိုးစားမှုရဲ့ အသီးအပွင့်ကို ခံစားရမယ့် အချိန်ဖြစ်လို့ စိတ်ဓာတ်မကျဘဲ ဆက်လက် ကြိုးစားပါ။

♐ ဓနု (Sagittarius - နိုဝင်ဘာ ၂၂ - ဒီဇင်ဘာ ၂၁) 

ဓနုရာသီဖွားတို့ရေ၊ သင်ယူလေ့လာနေတာတွေ၊ သုတေသနလုပ်ငန်းတွေမှာ အံ့သြစရာကောင်းလောက်တဲ့ တိုးတက်မှု တွေ ရလာနိုင်ပါတယ်။ စာတွေဖတ်ပါ၊ သင်တန်းတွေ တက်ပါ—အသိပညာရှာဖွေမှုတွေကနေ အကျိုးဖြစ်ထွန်းပါလိမ့်မယ်။

♑ မကရ (Capricorn - ဒီဇင်ဘာ ၂၂ - ဇန်နဝါရီ ၁၉) 

မကရတွေအတွက်တော့ အလုပ်ကိစ္စတွေ ချောချောမွေ့မွေ့ ဖြစ်ဖို့ အတွက် လိုအပ်တဲ့ လူပုဂ္ဂိုလ်၊ အထောက်အပံ့တွေက စုံလင်နေပါလိမ့်မယ်။ ကိုယ့်ကို ကူညီမယ့်သူတွေ ပေါ်လာမှာမို့ ပူးပေါင်းဆောင်ရွက်မှုကို လက်ခံဖို့ မတွန့်ဆုတ်ပါနဲ့။

♒ ကုံ (Aquarius - ဇန်နဝါရီ ၂၀ - ဖေဖော်ဝါရီ ၁၈) 

ကုံရာသီဖွားတွေ ဒီလထဲမှာ ပြဿနာတွေ ဖြေရှင်းဖို့အတွက် အကြံဉာဏ်သစ်တွေ ရရှိပြီး ဦးနှောက်က တော်တော်လေး လည်ပတ်နေပါလိမ့်မယ်။ အလုပ်ထဲက စိန်ခေါ်မှုတွေကို အလွယ်တကူ ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို ရှာတွေ့ပါလိမ့်မယ်။

♓ မိန် (Pisces - ဖေဖော်ဝါရီ ၁၉ - မတ် ၂၀) 

ဒီလထဲမှာ ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေ၊ ဖန်တီးချင်တဲ့ စိတ်တွေဟာ တအားကို အားကောင်းနေလိမ့်မယ်။ ဘယ်လို အနုပညာနဲ့ ပတ်သက်တဲ့ အလုပ်မျိုးပဲ လုပ်လုပ်၊ ပန်းချီဆွဲတာပဲ ဖြစ်ဖြစ်၊ စာရေးတာပဲ ဖြစ်ဖြစ်၊ ဂီတဖန်တီးတာပဲ ဖြစ်ဖြစ်... ကိုယ်တွင်းက အနုပညာစွမ်းရည်တွေ တိုးတက်လာပြီး အောင်မြင်မှုတွေ ရနိုင်ပါတယ်နော်။ စိတ်ကူးတွေ အရှိန်ရနေတုန်း အသုံးချလိုက်ပါ။

Post a Comment

Previous Post Next Post