ယခုလ၏ Townhall Meeting ကို သြဂုတ်လ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။ CEO မှ ယခုလတွင် အသစ်ရောက်ရှိလာသည့် ရုံးခွဲအသီးသီးမှ ဝန်ထမ်းများကို ကြိုဆိုနှုတ်ဆက်ပြီး အစည်းအဝေးကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။
Townhall အစည်းအဝေးတွင် ကုမ္ပဏီ၏ Management Update၊ ဟာနာ၏ချေးငွေများဖြင့် အောင်မြင်တိုးတက်နေသည့် အသင်းသားများအား အကြောင်းစာမူပြိုင်ပွဲမှ ဆုရရှိသူများကို ကြေညာခြင်းနှင့် ဟာနာဝန်ထမ်းတိုင်း ရရှိနိုင်မည့် ခရီးသွားလုပ်ငန်းနှင့် စားသောက်ဆိုင်များမှ အထူးလျှော့စျေးများအကြောင်း မျှဝေပေးခဲ့ပါတယ်။
ထို့နောက် CEO မှ သြဂုတ်လ၏ Business Update အား မျှဝေခဲ့ပြီး၊ ဇူလိုင်လအတွင်း အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ခဲ့သည့် ရုံးခွဲများအား ချီးကျူးစကားပြောခဲ့ပါတယ်။ ဝန်ထမ်းတွေအချင်းချင်း ပိုမိုရင်းနှီးပြီး အလုပ်ခွင်ပတ်ဝန်းကျင် ပိုကောင်းလာစေဖို့ ရည်ရွယ်တဲ့ Hello Connection Campaign အား မိတ်ဆက်ပြောကြားခဲ့ပြီး Hello Hero Card များကိုလည်း ရုံးချုပ်၊ သိမ်ဖြူနှင့် Region-2 မှ ဝန်ထမ်းများကို မျှဝေပေးခဲ့ပါတယ်။
နောက်ဆုံးအနေနဲ့ CEO က ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်တစ်ခု ဖန်တီးနိုင်ဖို့ ဝန်ထမ်းအားလုံးကို တိုက်တွန်းပြောကြားခဲ့ပြီး၊ Hana ရဲ့ဆောင်ပုဒ်ကို အတူတူရွတ်ဆိုပြီး ဒီလရဲ့ Townhall Meeting ကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။
Post a Comment