HMF's internal News

Top News

Hana Microfinance ရဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုများ

Hana Microfinance ရဲ့ CEO ဦးဆောင်တဲ့ ဝန်ထမ်းများဟာ World Environment Day 2025 အထိမ်းအမှတ် အဖြစ် ဒီကနေ့ တနင်္လာနေ့ (ဇွန် ၉ ရက်) မှာ မြေနီကုန်းအောင်တော်မူစျေးပတ်ဝန်းကျင်မှာ စတင်နိုင်ခဲ့တဲ့အတွက် အလွန်ပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ 

“ကမ္ဘာကြီးကို ကယ်တင်ဖို့ အမှိုက်များကို စနစ်တကျ စွန့်ပစ်ဖို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ဟာနာရဲ့ ဝန်ထမ်းတွေဟာ အမှိုက်များကို လမ်းတစ်လျှောက်ကောက်ရင်း သန့်ရှင်းရေးအတွက် အားသွန်ခွန်စိုက် လုပ်အားပေးခဲ့ကြပါတယ်။ 

ဒါ့အပြင် စျေးအနီးနားဝန်းကျင်ကို သန့်ရှင်းသပ်ရပ်စေဖို့ နဲ့ အမှိုက်များကို စနစ်တကျစွန့်ပစ်နိုင်ဖို့အတွက် အမှိုက်ပုံးများကိုလည်း လှူဒါန်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီနှစ် World Environment Day ရဲ့ အိမ်ရှင်နိုင်ငံတာ တောင်ကိုရီးယားနိုင်ငံဖြစ်သလို၊ တောင်ကိုရီးယားနိုင်ငံအခြေစိုက် Hana Microfinance အနေနဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ Hana Financial Group ရဲ့ ခိုင်မာတဲ့ ESG တန်ဖိုးတွေကို ထင်ဟပ်စေပြီး ပိုမိုကျန်းမာတဲ့ကမ္ဘာကြီးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ 

Hana Microfinance နဲ့အတူ ပိုမိုသန့်ရှင်းပြီး ကျန်းမာတဲ့ ကမ္ဘာကြီးကို အတူတူ ဖန်တီးတည်ဆောင်ကြရအောင်!











Post a Comment

Previous Post Next Post