Ye Naing Tun| Field Officer| မြင်းခြံရုံးခွဲ
Type B ရုံးခွဲအနေနဲ့ ဆုရခဲ့တဲ့အပေါ် ဘယ်လိုခံစားရပါသလဲ
ဟုတ်ကဲ့ မဂ်လာပါ Type B ရုံးခွဲအနေဖြင့် ရရှိတဲ့ Collection ဆု အပေါ် အရမ်းဘဲ အတိုင်းမသိဝမ်းသာပီတိ ဖြစ်မြောက်မိပါတယ်ခင်ဗျာ။
အခက်အခဲ စိန်ခေါ်မှုတွေကြားကနေ ဘယ်လိုမျိုး အသင်းသားတွေနဲ့ ဆက်သွယ်ပြီး ကောက်ခံခဲ့သလဲဆိုတဲ့ အတွေ့အကြုံလေး ဝေမျှပေးပါအုံး။
ဟုကဲ့ခင်ဗျ လတ်တလောအခြေအနေအရ ကျွန်တော်တို့ မြင်းခြံမြို့လေးဟာ စီးပွားရေး၊ လူမှု့ရေး အခြေအနေခက်ခဲနေတဲ့အချိန်မှာ ဆရာ BM ရဲ့ စီစဥ်ကွပ်ကဲမှု့ကောင်းမွန်ခြင်း၊ ဝန်ထမ်းများ၏လိုက်နာမှုရှိခြင်း အသင်းသားများနှင့် ရေရှည် တည်တံ့သော Relationship ရှိခြင်းတို့ကြောင့် ဆုတခုထပ်မံရှိခဲ့ပါတယ်ခင်ဗျာ။
ကျွန်တော်တို့ မြင်းခြံရုံးခွဲက ဟာနာဝန်ထမ်းညီအစ်ကိုမောင်နှမတွေဟာ လတ်တလောအခြေအနေအရ ပတ်ဝန်းကျင်ကို အမြဲဂရုစိုက်ပီး (3s)ကိုအမြဲတွေးကာ အန္တာယ်ကင်းရေးဦးစားပေးပီး (P)3လုံးကိုရှေ့ရှူပီး Collection ကောက်ခံခြင်းကြောင့်လဲ ရရှိခဲ့တယ်ထင်ပါတယ်။ တခြားမြို့ရွာကို ပြောင်းရွေ့သွားတဲ့ အသင်းသားတွေကိုလဲ ဖုန်းဖြင့် Contact လုပ်ပီး Digital ပိုင်းနဲ့ ပေးစွမ်းနိုင်အောင်အမြဲကူညီဆောင်ရွက်လျက်ရှိချင်းကြောင့် Collection ပိုမိုကောက်ခံနိုင်ခဲ့တာဖြစ်ပါတယ်။ အသင်းသားတွေရဲ့ ပြန်လည်ပေးဆပ်လိုစိတ်ရှိခြင်းဟာ ဝန်ထမ်းများအပေါ်လေးစားခြင်း၊ ဟာနာကိုချစ်မြတ်နိုးစိတ်ရှိမှုကိုပြသခြင်းဟုယူဆမိပါတယ်။ အသင်းသားတွေရဲ့ ကောင်းမွန်တဲ့ ပြန်လည်ပေးဆပ်လိုသောစိတ်ကြောင့် ဒီဆုတခုထပ်မံရရှိခဲ့ခြင်းကိုဝမ်းသာမိပါတယ်။ အချုပ်အားဖြင့်ဆိုရသော် ကျွန်တော်တို့ မြင်းခြံရုံးခွဲ အနေဖြင့် အခက်အခဲတွေကြားက မထင်မှတ်ထားတဲ့ ဆုတခု ထပ်မံရရှိတဲ့အတွက် ဆရာBMရဲ့ကောင်းမွန်သောလမ်းပြခြင်း၊ ညီအစ်ကိုမောင်နှမဝန်ထမ်းများ၏ ကြိုးစားခြင်း၊ အသင်းသားများ၏ပြန်လည်ပေးဆပ်လိုစိတ်ရှိခြင်းကို အမြဲဂုဏ်ယူဝမ်းမြောက်မိပြီး ဝမ်းသာပီတိဖြစ်ကြောင်းပြောကြားချင်ပါတယ်။
Post a Comment